Friday, October 30, 2015

ဆီးရီးယားအကျပ်အတည်း နိုင်ငံရေးဖြင့်ဖြေရှင်းရေး တရုတ်နှင့်ဂျမနီ သဘောတူညီမှုရရှိ



Myanmaalinn's photo.

 ပေကျင်း အောက်တိုဘာ ၂၉

တရုတ်ဝန်ကြီးချုပ် လီခကျန်း နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့သည် ဆီးရီးယား အကျပ်အတည်းကို နိုင်ငံရေးဖြင့် ဖြေရှင်းရန် ကြာသပတေးနေ့က သဘောတူလိုက်သည်။
ဆီးရီးယားအကျပ်အတည်းကို တပ်အသုံးပြုဖြေရှင်းခြင်းကို ဆန့်ကျင် ကန့်ကွက်ပါကြောင်း၊ နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းခြင်းမှ အခြားနည်းလမ်း မရှိပါကြောင်း တရုတ်ဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုလိုက်သည်။
ပြီးခဲ့သည့်လက ရုရှားတို့၏ လေကြောင်းပစ်မှတ်ထားတိုက်ခိုက် မှုများသည် ဆီးရီးယားပြည်တွင်း စစ်အတွင်း ပြည်ပတပ်များ ပါဝင်မှု အရှိန်အဟုန်မြင့်တက်စေခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများကြောင့် အနောက်အုပ်စု၏ ဝေဖန်မှုကိုဖြစ် စေခဲ့ကြောင်း၊ အနောက်အုပ်စု အနေဖြင့် အိုင်အက်စ်ကို တိုက်ခိုက် ချေမှုန်းခြင်းထက် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်ကို ဖြုတ်ချ ရန်သာ ကြိုးပမ်းနေကြကြောင်း၊ ဆီးရီးယားအရေး အမြန်ဆုံးဖြေရှင်း ရန် တိုက်တွန်းပါကြောင်း တရုတ် ဝန်ကြီးချုပ်က ပြောသည်။
''အရေးအကြီးဆုံးကတော့ နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းတာဟာ တန်းတူရည်တူ ရှိမှု၊ အားလုံးပါဝင်မှု၊ ပွင့်လင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အခွင့်အလမ်း တစ်ရပ်ပါပဲ'' ဟု ၄င်းက သတင်းထောက်များအား ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment