Saturday, October 3, 2015

အမေရိကန်ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ အိမ်ကို ဝယ်ယူခဲ့တဲ့ တေလာဆွစ်




The Mirror Daily's photo.


အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွစ်ဟာ ဂရန်မီဆုများစွာ ကို ရရှိပိုင်ဆိုင်ထားတဲ့ ဂီတလောကတွင် အောင်မြင်သော အဆိုတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေဟာ ဂီတလောက သားတွေအတွက် အားကျလောက် စရာပါပဲ။ လတ်တလောမှာ တေလာကို အများက အားကျစရာ တစ်ခုထပ်တိုးခဲ့ပါပြီ။ အဲဒါကတော့ သူဟာအမေရိကန်ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိတဲ့ ဘရေဗာရီ ဟေးအရပ်က အိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်လာလို့ပါ။

တေလာဝယ်ယူခဲ့တဲ့ ဆမ်မူရယ် ဂိုးဝင်န်အိမ်ရာတွေဟာ ဟောလိဝုဒ် အကျော်အမော်တွေ နှစ်သက် မက်မောတဲ့ အိမ်ရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီ အိမ်ရာတွေကို ၁၉၃၄ခုနှစ်လောက် က ရုပ်ရှင်ထုတ်လုပ်သူ ဆမ်မူရယ် ဂိုးဝင်န်က စတင်တည်ဆောက်ခဲ့ တာပါ။ တေလာဟာ အဆိုပါ အိမ်ရာတွေထဲက အိမ်တစ်လုံးကို စက်တင်ဘာလကုန်လောက်က ဝယ်ခဲ့တာဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

တေလာဆွစ်ကိုယ်တိုင်ကတော့ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး အတည်ပြု ပြောကြားခြင်းမရှိသေး ပါဘူး။ သို့သော် အဆိုပါ အိမ်ရောင်းဝယ်မှုရဲ့ အခွန်ပြေစာ အရ တေလာဆွစ် ဝယ်ယူခဲ့တယ် ဆိုတာကို သိရှိခဲ့ရတယ်လို့ တီအမ် ဇက်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
အေးပြည့် စုစည်းသည်

No comments:

Post a Comment