Saturday, October 3, 2015

ဖာဂူဆန် လက်ခံထားတဲ့ မန်ယူရဲ့ ထိပ်တန်းကစားသမားလေးဦး




The Mirror Daily's photo.


မန်ယူနည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်က သူ့ရဲ့ မန်ယူနည်းပြ ၂၇ နှစ်သက်တမ်းမှာ ကမ္ဘာ့ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားလေးဦးသာရှိခဲ့ပြီး ဒီကစားသမားတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေနဲ့ မန်ယူအသင်းက နိုင်ပွဲတွေအသီးသီးရယူပြီး အင်္ဂလန်ရဲ့ ထိပ်တန်းကလပ်ဖြစ်လာရတာလို့ ထုတ်ဖော်လိုက်ပါ တယ်။ဒီလေးဦးကတော့ အဲရစ်ကန်တိုနာ၊ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုးနဲ့ ခရစ္စတီယာနိုရိုနယ်လ်ဒိုတို့ဖြစ်တယ်လို့ သူ့ရဲ့ နောက်ဆုံးရေးသားထုတ်ဝေလိုက်တဲ့ Leading ဆိုတဲ့ စာအုပ်မှာရေးသား ထားပါတယ်။

ဖာဂူဆန်ရွေးချယ်လိုက်တဲ့ ဒီကစားသမားလေးဦးကတိုက်စစ်ဦးစားပေးကစားသမားတွေ သာဖြစ်တာကြောင့် ဖာဂူဆန် အနေနဲ့ တိုက်စစ်ကစား သမားတွေကိုသာ ပိုပြီး နှစ်ခြိုက်တယ်လို့ အထင်ရှိ နိုင်ပေမယ့် သူကတော့ ထူးခြားတဲ့အရည်အသွေးရှိတဲ့ ကစားသမားတွေကိုသာ ထုတ်နုတ် ရွေးချယ်ခဲ့တာလို့ ဆိုလိုက်ပါ တယ်။ ဖာဂူဆန်က မန်ယူ မှာ ကစားသမားကောင်း တွေ အများအပြားရှိခဲ့ ပြီး သူတို့ကို တကယ် ကောင်းတဲ့ ကစား သမားတွေလို့ သတ် မှတ် နိုင်ပေမယ့် တစ်ဦးချင်းထူးခြား ချက်စွမ်းရည်ရှိတဲ့ ကစား သမားကတော့ ဒီလေးဦး သာရှိတယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

''ကန်တိုနာက မန်ယူကို ၁၉၉၃ခုနှစ်မှာလာရောက် ကစားခဲ့တဲ့ကစားသမားဖြစ်ပြီး အများနဲ့မတူတစ်မူ ထူးခြားမှုတွေကိုပြုလုပ်ပြီး မန်ယူအတွက်ကြီးမားတဲ့ အောင်ပွဲတွေကို ရယူပေးခဲ့တယ်။ ဂစ်နဲ့ ပေါလ်စခိုး တို့ကျတော့ ပရီမီယာလိဂ်မှာပဲနှစ်ပေါင်း ၂ဝ လောက် ကစားပြီး သူတို့ရဲ့ ထူးခြားတဲ့အရည်အသွေးကို မှတ်ကျောက်တင်နိုင်ခဲ့တယ်။ စီရိုနယ်လ်ဒိုကတော့ သူဟာ ကမ္ဘာ့ထိပ်တန်းကစားသမားဆိုတာကို နှုတ်နဲ့ ပြောစရာမလိုအောင်သက်သေပြနိုင်ခဲ့ပြီး ဘောလုံး လောကရဲ့ ထာဝရအကောင်းဆုံးထဲကတစ်ယောက်ပါ။ကျွန်တော်ဒီလိုရွေးချယ်ပေးလိုက်လို့ ကျန်တဲ့ကစား သမားတွေက အမှိုက်တွေလားဆိုရင် မဟုတ်ပါဘူး။ ကျန်တဲ့သူတွေလည်းပဲ တော်ကြပါတယ်။ ဒါပေမယ့် သူတို့လေးယောက်ကတော့ ပြိုင်ဘက်ကင်းပါ'' လို့ ဖာဂူဆန်ကဆိုလိုက်ပါတယ်။

ထူးခြားတာက ဒီကစားသမားလေးဦးမှာ သုံးဦး က ကစားသမားဘဝက အနားယူခဲ့ပြီး စီရိုနယ်လ်ဒို တစ်ယောက်သာလျှင် ကစားသမားအဖြစ် ဘောလုံး လောကမှာ ဆက်လက်ကျင်လည်နေဆဲဖြစ်ပါတယ်။ဖာဂူဆန်က သူ့အနေနဲ့ တိုက်စစ်ကစားသမားတွေကို ဘာဖြစ်လို့ပိုပြီးနှစ်သက်သလဲဆိုရင် သူတို့ရဲ့ဖန်တီးနိုင်မှု စွမ်းရည်တွေကနိုင်ပွဲတစ်ပွဲအတွက် အရေးပါပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရခဲ့တဲ့ ဆုစာရင်းကိုကြည့်ရင် သူ့ရဲ့ရွေးချယ်မှုဟာ မှန်ကန်တယ်ဆိုတာကို သိနိုင်ပါတယ် လို့လည်း ဖာဂူဆန်က ဆိုလိုက်ပါတယ်။

ဘောလုံးလောကမှာ ယခုထိ နောက်တန်းကစားသမား နှစ်ဦး ဖြစ်တဲ့ ဘက်ကင်ဘောင်ဝါနဲ့ ကန်နာဗာရိုးတို့နှစ်ဦးသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု တွေကို ရယူနိုင်ခဲ့ပြီး ဒါတောင် ဘက်ကင် ဘောင်ဝါက နောက်တန်း ကစားသမား စစ်စစ် မဟုတ်ဘဲ ကွင်းလယ် နေရာမှာလည်းကစား နိုင်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ဖာဂူဆန် က တစ်ဆက်တည်း စကား လက်ဆောင် ပါးလိုက်ပါသေး တယ်။ ဒါ့အပြင် ဒီကစားသမားလေးဦးကို သူ့အနေနဲ့ ဘယ်တုန်း ကမျှ ဝေဖန်မှုပြုလုပ်ခဲ့တာမျိုး ပရိသတ်တွေမြင်တွေ့ နိုင်မှာမဟုတ်ဘဲ သူတို့ရဲ့ စွမ်းရည်တွေက ချီးကျူးမှုနဲ့ သာ ထိုက်တန်တယ်လို့လည်း ဆက်လက်ပြောကြား ခဲ့ပါတယ်။ ဖာဂူဆန်လက်ထက်မှာ ရွိုင်ကိန်း၊ ဘက်ခမ်း၊ နစ္စတယ်ရွိုင်းစတဲ့နာမည်ကျော်တွေက ဝေဖန်မှုတွေ ခံခဲ့ရ ပေမယ့် ဒီလေးယောက်ကတော့ ထာဝရပန်းပန် နေဆဲလေးဦးဆိုတော့...
မေလဲ့သင်း

No comments:

Post a Comment