Friday, October 30, 2015

ရွှေ့ပြောင်းဒုက္ခသည် ၂၄၂ ဦးအား ဂရိကမ်းခြေစောင့်တပ်ဖွဲ့ကယ်တင်



Myanmaalinn's photo.

 အေသင် အောက်တိုဘာ ၂၉

ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လက်ဘော့စ်ကျွန်းမြောက်ပိုင်း၌ နစ်မြုပ်သွားသော စက်လှေတစ်စင်းမှ ရွှေ့ပြောင်းခိုလှုံသူ ၂၄၂ ဦးအား ကယ်တင်လိုက်ကြောင်း၊ သို့ရာတွင် သုံးဦးရေနစ်သေဆုံးခဲ့ရာ အမျိုးသားနှစ်ဦး ပါဝင်ကြောင်း အာဏာပိုင်များက ပြောသည်။
အဆိုပါ ဒီစက်လှေနစ်မြုပ်မှုကြောင့် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူအများအပြား ဝင်ရောက်လာပြီးကတည်းက ဂရိကမ်းလွန်တွင် အဆိုးရွားဆုံး ရေကြောင်းဆိုင်ရာ ဘေးဒုက္ခများဖြစ်ပေါ်လာကြောင်း တာဝန်ရှိသူများက ပြောသည်။
ဂရိသို့ ရွှေ့ပြောင်းနေထိုင်သူနှင့် ခိုလှုံသူ ၅ဝဝဝဝဝ ကျော် ဝင်ရောက်ခဲ့ရာ ဇန်နဝါရီလမှ စတင်ကာ ဥရောပ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ လွှဲပြောင်းပေးလျက်ရှိသည်။ ဆယ်စုနှစ်များအတွင်း ဥရောပတိုက်တွင် အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာသည်ဟု ဆိုသည်။
လက်ဘော့စ်သည် တူရကီမှ ၁ဝ ကီလိုမီတာခန့်အကွာ အေဂျင်ယံပင်လယ် ကမ်းရိုးတန်းဒေသဖြစ်ပြီး ဥရောပ နိုင်ငံများသို့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းသွားလာသူများ၏ အဓိကရေလမ်းကြောင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment