Friday, October 2, 2015

ရေကာတာအား ပိုမိုခိုင်ခံ့ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်း ရေကြီးနစ်မြုပ်မှုဘေးမှ ကာကွယ်နိုင်ရန် စီမံဆောင်ရွက်




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီးတွင်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အင်္ဂပူမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး လေးမျက်နှာမြို့၊ ငါးသိုင်းချောင်းမြို့၊ ရေကြည်မြို့နှင့် ကျုံပျော်မြို့နယ်များရှိ မြို့ရွာများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားကျောင်းသူများက လမ်းဘေးဝဲ၊ ယာတစ်လျှောက်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် လေးမျက်နှာမြို့နယ် ကညင်သာ ကျေးရွာအုပ်စု ရွှေဘိုစုကျေးရွာရှိ ရွှေဘိုစုရေကာတာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဟင်္သာတခရိုင် အတွင်းရှိ တာတမံများအခြေအနေ၊ ရေစီးဝင်မှုအခြေအနေနှင့် တာတမံ များ ကြံ့ခိုင်စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ရေကာတာအား ပိုမိုခိုင်ခံ့ကောင်းမွန် စေရန်ပြုပြင်ထိန်းသိမ်းရေး၊ ရေကြီး နစ်မြုပ်မှုဘေးမှကာကွယ်နိုင်ရန် စီမံဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အတွင်း မိုးရာသီတွင် ငဝန်မြစ်ရေ လွှမ်းမိုးမှုမှ ကာကွယ်နိုင်ရန်အတွက် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်း ထားသော ငဝန်တာတမံမှာ ၁၉ ဒသမ ၈၇၅ မိုင် ရှည်လျားပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးကာကွယ်ဧရိယာ ၃၆၃၃၅ ဧကကို ကာကွယ်ထားရှိသည်။

လေးမျက်နှာမြို့နယ်အတွင်း ငဝန် တာတမံ၏ ၃၅ မိုင် ၄ ဖာလုံမှ ၃၆ မိုင် ၆ ဖာလုံအတွင်းရှိ ရွှေဘိုစုနေရာမှာ မြစ်ကမ်းတိုက်စားသည့် အတွက် တာတမံများ အကြိမ်ကြိမ် နောက်သို့ရွှေ့၍ တည်ဆောက်ခဲ့ရ သည်။ ထို့ကြောင့် မြစ်ရေဖြောင့်တန်း စွာ စီးဆင်းနိုင်ရန် သောင်ဘုတ်ရွာ အနီးတွင် ဖြတ်မြောင်းငယ်တစ်ခုကို ၂ဝဝ၁ ခုနှစ်က စတင်တူးဖော်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်တို့တွင် ထပ်မံတိုးချဲ့တူးဖော်ခဲ့သည်။ ယခု အခါ ငဝန်မြစ်ရေလွှဲဖြတ်မြောင်းမှာ မူလမြစ်မကဲ့သို့ ရေစီးဆင်းမှု ကောင်းမွန်ပြီး ငဝန်တာတမံ(ရွှေဘိုစု)တွင် ကမ်းပြိုတိုက်စားမှုများ သိသာစွာ လျော့ကျသွားကြောင်း တွေ့ရှိရသည်။

ထို့ပြင် လေးမျက်နှာမြို့အတွင်းရှိ ငဝန်တာ၏ ၂၉ မိုင် ၁ ဖာလုံမှ ၃၉ မိုင်အတွင်း တာတမံတွင် မူလတာထိပ် မှ အထက် ၅ ပေအထိ တာတမံ မြှင့်တင်ခြင်းလုပ်ငန်းကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ပွင့်လင်းရာသီတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ် ပြီး ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း ၁၁ ခု စုစုပေါင်း အလျား ၃၂ မိုင်ကိုလည်း လျာထား ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်ခရိုင် ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့နယ် ခွဲရှိ ငဝန်တာသို့ရောက်ရှိရာ တာဝန် ရှိသူများက ငဝန်တာ၏ ကြံ့ခိုင်မှုနှင့် ရေဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော် သမ္မတက ၁၉၉၁ ခုနှစ်အတွင်း ငဝန်မြစ်ကမ်းရှိ ထိန်ငူတာ ကျိုးပေါက် ခဲ့မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုကဲ့သို့ တာကျိုးပေါက်မှုများ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ဧရာဝတီ မြစ်အရှေ့ဘက်ကမ်းနှင့် အနောက် ဘက်ကမ်းရှိ တာ ၁၂ ခု၏ စုစုပေါင်း တာတမံအလျား ၄၁၇ ဒသမ ၆၂ မိုင်တွင် မူလတာထိပ်အမြင့်မှအထက် ငါးပေ မြှင့်တင်ခြင်းလုပ်ငန်းကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ပွင့်လင်းရာသီ တွင် ပြုပြင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ယင်းနောက် ဒေသခံမြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီများမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ ငဝန်တာ ကြံ့ခိုင်တောင့်တင်းစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လမ်းပန်း ဆက်သွယ်မှု ပိုမိုတိုးတက်ကောင်းမွန် စေရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

ရေကြည်မြို့နယ်အတွင်း ငဝန် မြစ်ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရန် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်း ထားသော ငဝန်တာတမံမှာ ၃၉ မိုင်မှ ၆၁ မိုင်အထိ ၂၂ မိုင် ရှည်လျားပြီး ယင်းအနက် ၄၅ မိုင်မှ ၄၇ မိုင်အတွင်း ရှိ ဗောဓိကုန်းနေရာမှာ ကမ်းပြိုတိုက် စားမှုများစွာဖြစ်ပွားခဲ့သည်။

ထို့ကြောင့် မြစ်ရေဖြောင့်တန်းစွာ စီးဆင်းနိုင်ရန် အလျားပေ ၇၃၈ဝ ရှိ သော ငဝန်မြစ်ဖြတ်မြောင်းဖောက်လုပ် ခြင်းလုပ်ငန်းကို ၂ဝ၁၂ ခုနှစ် ဖေဖော် ဝါရီလ ၁၈ ရက်က စတင်ဆောင်ရွက် ခဲ့ရာ ၂ဝ၁၂ ခုနှစ် ဧပြီလ ၃ဝ ရက် တွင် ပြီးစီးခဲ့သည်။

ထို့ပြင် ငါးသိုင်းချောင်းမြို့နယ်ခွဲ၏ မြို့ပတ်တာတမံ ပြုပြင်ပေးနိုင်ရန် မြို့လူထုမှ တင်ပြမှုအပေါ် ငဝန်တာ၏ တမံမှာ ၃၉ မိုင်မှ ၆၁ မိုင်အထိ အရှည် ၂၂ မိုင်တွင် မူလတာထိပ်မှ အထက်ငါးပေအထိ တာတမံမြှင့်တင် ခြင်းလုပ်ငန်းကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ပွင့်လင်းရာသီတွင် လည်းကောင်း၊ ရေကြည်မြို့နယ်အတွင်း မိုးရာသီ၌ ရေကြီးနစ်မြုပ်မှုလျော့နည်းစေရေး အတွက် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း ၁ဝ ခု၏ စုစုပေါင်းအရှည် ၄၆ ဒသမ ၄ မိုင်ကို ၂ဝ၁၆-၂ဝ၁၇ ခုနှစ် လုပ်ငန်းအစီ အစဉ်တွင်လည်းကောင်း လျာထား ထည့်သွင်းပြီး ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ရေကြည်မြို့နှင့် ကျုံပျော်မြို့များသို့ မော်တော်ယာဉ်ဖြင့် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံပျော်မြို့မှ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ခဲ့ရာ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ မွန်းလွဲပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက် ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment