Friday, October 2, 2015

ရထားတွဲများ သန့်ရှင်းသပ်ရပ်ရေး ဝန်ဆောင်မှုတိုးမြှင့်လုပ်ဆောင်



The Mirror Daily's photo.


မန္တလေး အောက်တိုဘာ ၁

မြန်မာ့မီးရထား(မန္တလေး) ဘူတာကြီးတွင် ရထားတွဲများသန့်ရှင်းသပ်ရပ် ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ကို အစဉ်တစိုက်လုပ်ဆောင်နေပြီး ခရီးသည်များသက်သောင့်သက်သာ ရှိစေရန် အထက်တန်းထိုင်ခုံ ၄ဝ မှ လျှော့ချကာ ထိုင်ခုံ ၃ဝ ဖြင့် တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

''ရထားတွဲဆိုင်းတွေကို မြစ်ငယ် စက်ရုံမှာ အသစ်ထုတ်လုပ်ခြင်းနဲ့ အကြီးစားပြင်ဆင်နေရာမှာ အရင်ထိုင်ခုံထက် ၁ဝ ခုံလျှော့ချပြီး ကျယ်ဝန်းစွာစီးလို့ရအောင် ထုတ်လုပ် နေပါတယ်။ တွဲဆိုင်းတွေသန့်ရှင်း သပ်ရပ်ရေးအတွက် ဖုန်စုပ်စက်၊ ဖုန်မှုတ်စက်တွေနဲ့ သန့်စင်တယ်။ အိမ်သာတံခါးကောင်းဖို့နဲ့ ရေ အမြဲတမ်းရရှိရေးကို ဂရုတစိုက် ဆောင်ရွက်နေပါတယ်''ဟု မြန်မာ့ မီးရထား(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရထားတွဲဆိုင်းများ သန့်ရှင်းရေး အတွက် မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး ခရီး တစ်လျှောက်တင်ရှိလာသော ဖုန်နှင့် အမှိုက်များကို စက်များဖြင့် ဆေးကြော ရှင်းလင်းနေကြောင်း၊ တွဲသန့်ရှင်းရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ငန်း အပ်နှံထားကာ ဌာနမှကြီးကြပ် လုပ်ဆောင်နေကြောင်း သိရသည်။

''တချို့က အမှိုက်တွေကို လက်ရန်းထဲ ထိုးထည့်တာမျိုးလုပ်ထား တော့ အဲဒီအမှိုက်တွေ သေချာ ရှင်းထုတ်ရသလို ထိုင်ခုံတွေလည်း ခဏနဲ့ပျက်စီးသွားနိုင်ပါတယ်။ တွဲ သန့်ရှင်းဖို့နဲ့ ထိုင်ခုံတွေကောင်းမွန်ဖို့က ခရီးသည်တွေက ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်''ဟု တွဲသန့်ရှင်းရေးအဖွဲ့က ပြောသည်။

အဆိုပါ အထက်တန်းထိုင်ခုံသစ် ၃ဝ တပ်ဆင်ထားသည့် တွဲများမှာ မန္တလေး-ရန်ကုန် အမြန်ရထား ခြောက်စင်း၊ အမှတ် ၆-အစုန်/၅-အဆန်ရထား၊ ၄-အစုန်/၃-အဆန် ရထားနှင့် ၁၂-အစုန်/၁၁-အဆန် ရထားများတွင် မတ် ၃ ရက်မှစ၍ အသုံးပြုပြေးဆွဲနေသကဲ့သို့ မြစ်ကြီးနား လမ်းပိုင်းတွင်လည်း အထက်တန်း ထိုင်ခုံအသစ်များ တပ်ဆင်ပြေးဆွဲနေ ကြောင်းသိရသည်။
ရထားတွဲများတွင် ပါရှိသည့် တွဲထိန်းများကို တွဲသန့်ရှင်းရေး၊ ရေအိမ်များရေပြည့်စုံမှုနှင့် ရေဖြည့် နိုင်သည့် ဘူတာများတွင် ရေအိမ်များ သန့်ရှင်းစေခြင်း၊ ဘူတာရောက်ချိန် မြေပြင်စက်မှုတွဲပြင်အဖွဲ့က ရေပန့်စက် များဖြင့် ဆေးကြောခြင်းတို့လည်း လုပ်ဆောင်နေသည်ဟုဆိုသည်။
အောင်သန့်ခိုင်(မန်းကိုယ်ပွား)

No comments:

Post a Comment