Friday, October 30, 2015

သမိုင်းလမ်းဆုံ မီးပွိုင့်အနီး ယာဉ်တိုက်မှုဖြစ်ပွား



The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၂၉

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ ကောင်းကြိုက်ဒန်ပေါက်ဆိုင်ရှေ့၌ ယနေ့ညနေ ၆ နာရီခွဲခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားကိုးဦးခန့် ထိခိုက်ဒဏ်ရာရရှိကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်အင်းစိန်လမ်းမကြီးအတိုင်း မောင်းနှင်လာသော 2C/......ခရီးသည်တင်ယာဉ်သည် သမိုင်းလမ်းဆုံမှတ်တိုင်အနီး ကောင်းကြိုက်ဒန်ပေါက်ဆိုင်ရှေ့အရောက်တွင် အငှားယာဉ်၊ ကိုယ်ပိုင်ယာဉ်ငယ် ခြောက်စီးခန့်နှင့် လမ်းသွားပြည်သူ ကိုးဦးခန့်အား အရှိန်ဖြင့် ဝင်ရောက်တိုက်မိပြီး 2I /.... KIA အဖြူရောင်ကြိုပို့ ကိုရီးယားထုတ်ယာဉ်မှာ လမ်းမပေါ်တိမ်းမှောက်သွားခဲ့သည်။ အချို့ အငှားယာဉ်နှင့် ကိုယ်ပိုင်ယာဉ်ငယ်များလည်း ထိခိုက်မှုရှိခဲ့သည်။ လမ်းလျှောက်ခရီးသွားအမျိုးသားတစ်ဦး သေဆုံး၍ ကျန်အမျိုးသားငါးဦး၊ အမျိုးသမီး သုံးဦး အား အင်းစိန်ဆေးရုံတွင် အတွင်းလူနာဖြင့် ကုသလျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။
[သတင်း - မျိုးမင်းသိန်း (မရမ်းကုန်း) ၊ ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)]

No comments:

Post a Comment