Thursday, October 29, 2015

ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွ ၅၀၀ ယီမင်သို့ စစ်လေယာဉ်များဖြင့် ပြောင်းရွှေ့






ဒမတ်စကတ် အောက်တိုဘာ ၂၈

တူရကီ၊ ကာတာနှင့် ယူအေအီး လေယာဉ်များဖြင့် အိုင်အက်စ်စစ်သွေးကြွ ၅ဝဝ အား ယီမင် နိုင်ငံ အေဒင်မြို့သို့ပို့ပေးခဲ့သည်ဟု ဆီးရီးယားစစ်ဘက်က အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း ဆာနားသတင်းအေဂျင်စီက ဖော်ပြသည်။

ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ရုရှားလေကြောင်းတိုက်ခိုက်မှုများ ကြောင့် အဆိုပါ အိုင်အက်စ်စစ်သွေးကြွ ၅ဝဝ တို့ ဆုတ်ခွာသွားကြောင်း ဆီးရီးယားတပ်မတော်၏ ကြေညာချက်တွင်ဖော်ပြသည်။

အေဒင်လေဆိပ်သို့ ရောက်ရှိလာသော အဆိုပါ အိုင်အက်စ်စစ်သွေးကြွများအား ဆော်ဒီအရာရှိ များက အုပ်စုသုံးစုခွဲလိုက်ပြီး ပထမအုပ်စုကို ဘက်အယ်လ်မန်ဒက်ဒေသသို့ လည်းကောင်း၊ ဒုတိယအုပ်စုကို မာရက်မြို့သို့လည်းကောင်း၊ တတိယအုပ်စုကို ယီမင်ရှိ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ရှိရာ ဂျာဇန်နှင့် အေဆာပြည်နယ်များသို့လည်းကောင်း ပေးပို့ခဲ့ကြောင်း စစ်ဘက် ကြေညာချက်တွင် ဖော်ပြသည်။
ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများသည် ဆက်လက်ရွှေ့ပြောင်းလျက်ရှိကြောင်း ၄င်း စစ်ဘက်ကြေညာချက်တွင် ဖော်ပြသည်။ ဆီးရီးယားအစိုးရက တူရကီ၊ ကာတာနှင့် ဆော်ဒီအာရေဗျ နိုင်ငံများကို ဆီးရီးယားနိုင်ငံအတွင်းရှိ အစွန်းရောက်များအား ထောက်ခံအားပေးနေကြောင်း စွပ်စွဲထားသည်။
(ဆင်ဟွာ)

No comments:

Post a Comment