Wednesday, October 28, 2015

ဂျိမ်းစ်ဘွန်းပြန်လာပြီ



The Mirror Daily's photo.
ဗြိတိန်လျှို့ဝှက် စုံထောက်တစ်ဦး ဖြစ်သော ဂျိမ်းစ်ဘွန်းအကြောင်း ရိုက်ကူးထားသော ကမ္ဘာကျော် စုံထောက်ရုပ်ရှင်ဖြစ်သည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ် ''Spectre''အား မိတ် ဆက်ပြသသည့် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်က လန်ဒန်ရှိ လွိုင်ရယ်လ်အဲလ်ဘာ့ထ်ခန်းမတွင် ကျင်းပခဲ့ရာ ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်လ်ခရက်ဂ်နှင့်အတူ အခြား သော သရုပ်ဆောင်များလည်း တက် ရောက်ခဲ့ကြသည်။

ယခုရုပ်ရှင်သစ် ''Spectre''သည် ဒန်နီရယ်လ်၏ လေးခုမြောက်ဂျိမ်းစ်ဘွန်းရုပ်ရှင်လည်းဖြစ်သည်။
အဆိုပါရုပ်ရှင်သစ်မိတ်ဆက်ပြသသည့်အခမ်းအနားသို့ ဝေးလ်ပြည်နယ် ၏မင်းသားဝီလျံနှင့်ဇနီးဖြစ်သူ ကိတ် မစ်ဒယ်လ်တန်တို့နှင့်အတူ မင်းသား ဟယ်ရီလည်း တက်ရောက်ခဲ့ကာ ယင်း ရုပ်ရှင်၏ ထုတ်လုပ်သူနှင့် ပါဝင်သရုပ် ဆောင်ခဲ့သော အနုပညာရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်ကို မိတ် ဆက်ပြသသည့်နေ့တွင်ပင် အင်္ဂလန် နိုင်ငံတစ်ဝန်း၌လည်း ယင်းရုပ်ရှင်ကို တစ်ပြိုင်နက်တည်း ရုံတင်ပြသခဲ့ သည်။ ယခုကဲ့သို့ ရုပ်ရှင်သစ်ကို မိတ်ဆက်ပြသသည့်နေ့တွင်ပင် တစ်ပြိုင်နက်ရုံတင်ပြသခဲ့ခြင်းသည် အင်္ဂလန်နိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီ ရယ်လ်က သူ့အနေဖြင့် ယင်းရုပ်ရှင် အတွက် ဂုဏ်ယူပါကြောင်းနှင့် ရုပ်ရှင် အဖွဲ့သားများအနေဖြင့် အဆိုပါ ရုပ်ရှင်အတွက် အကောင်းဆုံးရိုက်ကူး တင်ဆက်ပေးခဲ့ပါကြောင်းလည်း စကိုင်းနယူးစ်သို့ ပြောကြားခဲ့သည်။
ထို့ပြင်သူက ယင်းရုပ်ရှင်သစ် အပေါ် ပရိသတ်များ၏တုံ့ပြန်မှု အတွက်လည်း သူကိုယ်တိုင်ပင် ရင်ခုန်နေမိကာ ပရိသတ်ထံမှ ထွက် ပေါ်လာမည့် ရုပ်ရှင်နှင့်ပတ်သက် သည့် ရင်တွင်းစကားသံများကို မစောင့်ဆိုင်းနိုင်သည်အထိ စိတ် လှုပ်ရှားနေမိကြောင်း ရင်ဖွင့်ခဲ့သည်။

ယင်းဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်တွင် ဒန်နီရယ်လ်ခရက်ဂ်နှင့်အတူ မင်း သမီး လီရာစီးဒုဇ်နှင့် မော်နီကာ ဘယ်လူချီတို့လည်း ပါဝင်သရုပ်ဆောင် ထားသည်။
အေးပြည့်
ရေးသားသည်

No comments:

Post a Comment