Saturday, October 31, 2015

အဲလိဇ်စဘတ်(၂)ဘုရင်မကြီး၏ အဝတ်ဗီရိုကို မွေးနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည်




အင်္ဂလန်နိုင်ငံ၏ ဘုရင်မကြီး အဲလိဇ်စဘတ်(၂)၏ အသက် (၉ဝ)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူ၏အဝတ်ဗီရိုကို အင်္ဂလန်နိုင်ငံ အေဒင်ဘတ်ခ်ျရှိ ဟိုလီဝရုတ်ဒ် ဟောက်စ်နန်းတော်တွင် သူ၏မွေးနေ့ဖြစ်သော ဧပြီ ၂၁ ရက်မှ စတင်ကာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း ယူအက်စ်အေတူဒေး ဒေါ့ကွန်းက ပြီးခဲ့သည့်ကြာသပတေး နေ့တွင် ရေးသားဖော်ပြခဲ့သည်။
ထို့နောက် သြဂုတ်လမှစတင်၍ ဘက်ကင်ဟန် နန်းတော်၌လည်း ကောင်း၊ စက်တင်ဘာလတွင် ဝင်စာရဲတိုက်၌ လည်းကောင်း အသီးသီးထားရှိ ပြသသွားမည်ဖြစ် သည်။
ဘုရင်မကြီးတွင် ယနေ့အချိန် အထိနှစ်ပေါင်း ကိုးဆယ်အတွင်း ဝတ်စုံပေါင်းတစ်သောင်းခန့် စုဆောင်း မိခဲ့ပြီဖြစ်ကာ ပြုလုပ်မည့်ပြပွဲ အသီးသီးတွင် ယင်းဝတ်စုံများ အနက်မှ ပြပွဲနေရာနှင့်သက်ဆိုင် သော အခမ်းအနားတွင် ဝတ်ဆင်လေ့ ရှိသည့်ဝတ်စုံများကို ရွေးချယ်ပြသ သွားမည်ဖြစ်သည်။
ယင်းပြပွဲတွင် ဘုရင်မကြီး၏ ဘဝ တစ်လျှောက်ထူးခြားသည့် အခမ်း အနားများတွင် ဝတ်ဆင်ခဲ့သည့် ဝတ်စုံများ၊ ဘရင်မကြီးဝတ်ဆင်ခဲ့ သော သမိုင်းဝင် လက်ဝတ်ရတနာ များနှင့် အဝတ်အစားအသုံး အဆောင်များကို သမိုင်းကြောင်းနှင့် ယှဉ်ကာ ခင်းကျင်းပြသသွားနိုင်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။
အဲလိဇ်စဘတ်ဘုရင်မကြီးသည် ဝတ်စုံအပြင် ကုတ်အင်္ကျီကိုပါထပ်၍ဝတ်ဆင်လေ့ရှိပြီး ဦးထုပ်လည်း ဆောင်းလေ့ရှိသည်။ များသော အားဖြင့်သူသည် ဝတ်စုံ၊ ကုတ်အင်္ကျီ နှင့် ဦးထုပ်တို့ကို အရောင်တူဝတ်ဆင် လေ့ရှိကာ အနက်ရောင်ရှူးဖိနပ်နှင့် လက်ကိုင်အိတ် အနက်တို့ကို ကိုင်ဆောင်တတ်သည်။
ထို့ပြင်သူသည် အရောင် တောက်တောက်များကို ရွေးချယ် ဝတ်ဆင်တတ်သူဖြစ်ရာ သူ၏ ဝတ်စားဆင်ယင်မှုသည် လူအများ ကြားတွင် ထင်ရှားနေသည်။ အဝတ် အစားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဘုရင်မကြီးက လူအများ၏ အမြင် တွင် သူ့ကိုယုံကြည်အားကိုးစရာ ကောင်းသည့်သူတစ်ဦးအဖြစ် သိမြင် ခံစားလာစေရန်သာ ရည်ရွယ်ပြီး အဝတ်အစားကို ရွေးချယ်ဝတ်ဆင် ကြောင်းလည်း ပြောကြားခဲ့သည်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment