Saturday, October 31, 2015

Myanmar Wave Rider Cup and KTA Race Open 2015 ဒုတိယနေ့ယှဉ်ပြိုင်






 ငွေဆောင် အောက်တိုဘာ ၃ဝ

ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ ပင်လယ်ပြင်ရွက်လှေကလပ်၌ ကျင်းပနေသည့်Myanmar Wave Rider Cup and KTA Race Open
2015 ပြိုင်ပွဲများ၏ ဒုတိယနေ့ပြိုင်ပွဲအဖြစ် အောက်တိုဘာ ၃ဝ ရက် နံနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။

ဒုတိယနေ့ ကလပ်ပြိုင်ပွဲများကို ပထမနေ့ပြိုင်ပွဲ၌ ပါဝင်သညStand Up Paddle (SUP) ကလပ်ပြိုင်ပွဲများတွင် ၁၈ နှစ်အောက် အငယ်တန်း(ကျား)ပြိုင်ပွဲ၊ ၁၈ နှစ်အောက် အငယ်တန်း(မ)ပြိုင်ပွဲ၊ အမျိုးသမီး ရိုးရိုးတန်းပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲဟူ၍ လေးမျိုးခွဲယှဉ်ပြိုင်ခဲ့ကြသည်။Windsurfing ဒုတိယနေ့ပြိုင်ပွဲ၌ စင်ကာပူနိုင်ငံမှတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့၍
မြန်မာ အားကစားသမားများ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။Windsurfing ရွက်လှေပြိုင်ပွဲ အားကစား နည်းကို ၂ဝ၁၂ တွင်မှ မြန်မာနိုင်ငံ သားတို့ စတင်ကစားခြင်းဖြစ်သော် လည်း ၂ဝ၁၃ ဆီးဂိမ်းတွင် မြန်မာ နိုင်ငံသည် အဆိုပါ အားကစားနည်း မှ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။

Kiteboarding ကလပ်ပြိုင်ပွဲ မှာမူ ပြိုင်ပွဲဝင်ရန် သင့်တင့်သည့် လေတိုက်နှုန်း မရရှိမှုကြောင့် လေ့ ကျင့်မှုများဖြင့်သာ ပြီးဆုံးခဲ့ရသည်။Kiteboarding ကလပ်ပြိုင်ပွဲအား အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment