Saturday, October 3, 2015

အာစင်ဝင်းဂါးနှင့် မော်ရင်ဟိုတို့အတွက် ကစားပေးရန် ဆန္ဒရှိခဲ့ဟု လူကာကူ ထုတ်ဖော်ပြောကြား




The Mirror Daily's photo.
ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းမှ တိုက်စစ်မှူး လူကာကူသည် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး၏ လက်အောက်တွင် ကစားရန်ဆန္ဒရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် ချယ်လ်ဆီးအသင်းအား အကောင်းဆုံးအသင်းအဖြစ် ကိုင်တွယ်နိုင်ခဲ့သည့် နည်းပြမော်ရင်ဟိုလက်ထက်တွင်လည်း ကစားရန်ဆန္ဒရှိခဲ့ကြောင်း တိုက်စစ်မှူး လူကာကူက ဆိုသည်။

ကမ္ဘာ့ထိပ်တန်းကလပ်အသင်းများတွင် အောင်မြင်ကျော်ကြားသော နည်းပြများရှိသည့်အနက် မည်သည့် နည်းပြအောက်တွင် ကစားရန်ဆန္ဒရှိကြောင်း၊ မေးခွန်းနှင့်စပ်လျဉ်း၍ အဲဗာတန်တိုက်စစ်မှူး လူကာကူက ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုနှင့် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးတို့၏ လက်အောက်တွင်သာ ကစားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုနှင့် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးတို့အပြင် ဘိုင်ယန် မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာ၏ လက်အောက်တွင်လည်း ကစားရန်ဆန္ဒရှိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ တိုက်စစ်မှူး လူကာကူသည် ချယ်လ်ဆီးအသင်းတွင် ယခင်က ကစားခဲ့သော်လည်း အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ထားခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်းက ဝက်စ်ဘရွန်းအသင်းသို့ အငှားချရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် တိုက်စစ်မှူး လူကာကူသည် အဲဗာတန်အသင်းသို့ အမြဲတမ်းစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် အကြောင်း ဖန်လာခဲ့ပြီး လက်ရှိတွင်လည်း အဲဗာတန်အသင်းတွင် အကောင်းဆုံးခြေစွမ်းရရှိနေပြီဖြစ်သည်။

အဲဗာတန်အသင်းသည် တိုက်စစ်မှူး လူကာကူအား ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းဖြင့် ခေါ်ယူထားခဲ့သူ ဖြစ်ပြီး အဲဗာတန်အသင်းက လက်မလွှတ်ချင်လောက်အောင် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။ [နိုင်လင်းကြည်]

No comments:

Post a Comment