Thursday, October 1, 2015

စပါးစိုက်ပျိုးရန် အချိန်နှောင်းသွားသည့် မြေများတွင် ဆောင်သီးနှံများ စိုက်ပျိုးနိုင်ရန် ကူညီဆောင်ရွက်ပေးမည်



 

နေပြည်တော်   စက်တင်ဘာ   ၃ဝ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား အင်္ဂပူမြို့ ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အေးစေတီ ကျေးရွာသို့ သွားရောက်ပြီး ရေလွှမ်းမိုးခဲ့မှု အခြေအနေ များကို စစ်ဆေးကြည့်ရှုကာ ဒေသခံပြည်သူများအား ရင်းနှီးစွာနှုတ်ဆက်သည်။
ထို့နောက် အင်္ဂပူမြို့ အမှတ်(၂) ရပ်ကွက်၊ မဟာ သုဓမ္မာ ကျောင်းတိုက်ဝင်းအတွင်းရှိ စံကျောင်းပရိယတ္တိ ဓမ္မာရုံ၌ ရှမ်းတောကျောင်းဆရာတော် ဘဒ္ဒန္တ က္ကန္ဒာသီရိ အမှူးပြုသည့် ဆရာတော် သံဃာတော်များအား ဖူးမြော် ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက ဆရာတော် သံဃာတော်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် စံကျောင်း ဆရာတော် အရှင်စက္ကိန္ဒ (ဂန္ထဝါစကပဏ္ဍိတ) ဓမ္မာစရိယ (အဂ္ဂမဟာကျော်)ထံမှ   
နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ် များက အနုမောဒနာတရား နာယူကြ ပြီး ရေစက်သွန်းချ  အမျှပေးဝေကြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့်တွေ့ဆုံပြီး   အမှာစကား ပြောကြားရာတွင်     ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံ အများအပြား၌   သာမန်ထက်ထူးကဲ သည့်   သဘာဝဘေးဒဏ်များနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့နိုင်ငံတွင် လည်း ဇူလိုင်လမှစတင်၍ တိုင်းဒေသ ကြီးလေးခု၊    ပြည်နယ်နှစ်ခုတွင် သဘာဝဘေးကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း။
ထိုကဲ့သို့    သဘာဝဘေးနှင့် ရင်ဆိုင်ရချိန်တွင်  နိုင်ငံတော်အစိုးရ၊ စေတနာရှင်ပြည်သူများနှင့်   နိုင်ငံ တကာမှပူးပေါင်းပြီး သဘာဝဘေးသင့် ပြည်သူများအား   ကယ်ဆယ်ရေး၊ ဆက်လက်ရှင်သန်   ရပ်တည်နိုင်ရန် အတွက် ကူညီထောက်ပံ့ရေးနှင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်    လုပ်ဆောင်ခဲ့ ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးတွင် ရေ လွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် စိုက်ပျိုးမြေ များ၌   စပါးပြန်လည်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ခဲ့သကဲ့သို့ စပါးစိုက်ပျိုးရန် အချိန်နှောင်းသွားသည့် မြေများတွင် ဆောင်းသီးနှံများ   စိုက်ပျိုးနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကို  ကာကွယ်နိုင် ရန်အတွက် လက်ရှိ ရေတားတမံများ ကို မြေသားမြှင့်တင်ခြင်း၊ မြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
သဘာဝဘေး   ကျရောက်ပြီးချိန် တွင်  အားနည်းအုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ မိခင်နှင့်ကလေး များ၊ မသန်စွမ်းသူများကို အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း စောင့်ရှောက်သွားရန်လိုကြောင်း။
ထို့ပြင် ကျန်းမာရေးကဏ္ဍတွင် လည်း   နောက်ဆက်တွဲရောဂါများ မဖြစ်ပွားစေရန်အတွက်   အထူး အလေးထား   စောင့်ရှောက်ပေးရန် လိုကြောင်း။
အင်္ဂပူမြို့နယ်၏  လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရက စီမံချက်ဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။
သဘာဝဘေးဒဏ်ခံစားရသူများ ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များကို ပြန်လည် ထူထောင်ပေးရန်လို ကြောင်း၊ သမဝါယမဝန်ကြီးဌာနက လည်း    ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖများမှတင်ပြ သည့်     ရေကြီးရေလျှံမှုကာကွယ် ရေး၊  ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို နိုင်ငံတော်သမ္မတက    ပြန်လည် ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည်    ကညင် ရေလှောင်တမံစီမံကိန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ‘ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့် လှိုင်တို့က    ရေလှာင်တမံဆိုင်ရာ အချက်အလက်များ၊  ရေလှောင်တမံ အတွင်း    ရေသိုလှောင်နိုင်မှုနှင့် ပတ်ဝန်းကျင်ကျေးရွာများအပေါ် အကျိုးသက်ရောက်မှုအခြေအနေ၊ မြစ်ကြောင်းများ    ထိန်းသိမ်းရန် လိုအပ်မှုအခြေအနေများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကညင်ဆည်၊ မမြဆည်နှင့် နံကသူ ဆည်များ    ကြံ့ခိုင်ထိန်းသိမ်းရေး၊ မိုးရာသီတွင်   စုဆောင်းရရှိသည့် ဆည်ရေများကို စနစ်တကျထိန်းသိမ်း ပြီး စိုက်ပျိုးရေရရှိရေးအတွက် အသုံး ပြုသွားရန်၊ အယ်လ်နီညိုရာသီဥတု အခြေအနေနှင့် အကျိုးသက်ရောက် နိုင်မှုများကို    êကြိုတင်တွက်ချက် ပြင်ဆင်ထားရန်လိုကြောင်း။
ဧရာဝတီမြစ် ရေကြီးရေလျှံမှုကို ကာကွယ်တားဆီးရာတွင် နိုင်ငံတကာ ၌ အဓိကမြစ်ကြီးများ၏  ရေကြီး ရေလျှံမှု ကာကွယ်တားဆီးရေး အစီ အမံများကို    လေ့လာသွားရန်လို ကြောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေး၊ ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် ဆည်၊ တာတမံများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူ များသိရှိနိုင်ရေး အသိပညာပေးသွား ရန် ပြောကြားသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ သည် ကညင်ရေလှောင်တမံ၏ အကူ ရေပိုလွှဲ၊ ရေလွှဲဆည်နှင့် ပင်မရေပိုလွှဲ တို့အား သွားရောက်ကြည့်ရှုစစ်ဆေး ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။         


(သတင်းစဉ်)

No comments:

Post a Comment