Wednesday, September 30, 2015

စာသုံးရန်မသင့်သော အေးခဲအသားများကို မီးရှို့မြေမြုပ်၍ ဖျက်ဆီး




တာချီလိတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်Mobile Team က ဖမ်းဆီးရမိထားသော အများပြည်သူစားသုံးရန်မသင့်သည့် အေးခဲအသားများကို တာချီလိတ်မြို့ ဝမ်ကောင်းမွန်ကျေးရွာအနီး၌ စက်တင်ဘာ ၂၇ ရက်က စနစ်တကျမီးရှို့ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်Mobile Team က ဖမ်းဆီးရမိထားသော ထိုင်းနိုင်ငံမှ တံဆိပ်မပါ အေးခဲ ကြက်သားများ၊ အသားတုနှင့် အေးခဲအသားများစုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ်သိန်း ၄ဝ ခန့်ရှိသည့်FDA ထောက်ခံချက်မပါရှိသော အသား ၉၃၂ကီလိုဂရမ်ကို ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင်ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ဦးဆောင် သောအဖွဲ့၊ တာချီလိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာစံထွန်းဝေနှင့် Mobile Team အဖွဲ့စုံဖြင့် စနစ်တကျ မီးရှို့မြေမြှုပ် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နောင်ထွဏ်း(ပဲခူး)

No comments:

Post a Comment