Wednesday, September 2, 2015

PAPER မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖြစ်လာတဲ့CL




တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ 2NE1 မှ အဖွဲ့ဝင်တစ်ဦးဖြစ်သောCL သည် ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခု ဖြစ်သော PAPER မဂ္ဂဇင်း၏ စက်တင်ဘာလထုတ်မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံကို ဒီဇိုင်နာ ဂျာရေမီ စကော့ထ်နှင့်အတူ တွဲဖက်ရိုက်ကူးခဲ့သည်။
အဆိုပါမဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ကူးရာတွင် CL နှင့် ဂျာရေမီတို့နှစ်ဦးစလုံးသည် လက်မမှလွဲ၍ ကျန်လက် ချောင်းများအားလုံးတွင် လက်စွပ်များဝတ်ဆင်ရိုက်ကူးခဲ့သည်။
ယင်းမဂ္ဂဇင်းတွင် CL နှင့် ဂျာရေမီတို့နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးတစ်ခုလည်း ပါဝင်ကာ အဆိုပါအင်တာဗျူးတွင် ဂျာရေမီက ''ကျွန်တော် ဂီတပညာရှင်တွေနဲ့ အလုပ်လုပ်ရတာကို ကြိုက်တယ်။ သူတို့ရဲ့အလုပ် က ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်နေရင်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုဒီဇိုင်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ရတယ်လေ။ ဒါ့ကြောင့် ကျွန်တော်က သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို ကျွန်တော့်ရဲ့ ဖန်တီးမှုတွေနဲ့ ကူညီ မြှင့်တင်ပေးနိုင်တယ်။ သီးခြားဖန်တီးမှုတစ်ခုအတွက် အနုပညာရှင်တွေ အားထားရတဲ့ ဒီဇိုင်းပညာရှင်တစ်ဦးအဖြစ် တည်ရှိနေရတာကိုလည်း ကျွန်တော်နှစ်သက်တယ်။ ဒါ့ကြောင့်လည်း ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ CL ကက်တီ ပယ်ရီ၊ ရီဟားနားနဲ့ မိုင်လီဆိုင်းရပ်တို့လို အမျိုးသမီးအနုပညာရှင်တွေနဲ့ မိတ်ဆွေရင်းတွေလို ဖြစ်နေပါပြီ''ဟု ဆိုခဲ့သည်။
CL ကလည်း ဂျာရေမီသည် သူ့ကိုဖျော်ဖြေရေးစင်မြင့်ပေါ်တွင် ကိုယ်ပိုင်ဒီဇိုင်းကို ပိုင်ဆိုင်ထားသော အဆိုတော် တစ်ဦးဖြစ်လာရန်များစွာကူညီခဲ့ကြောင်းဆိုခဲ့သည်။ ဆက်လက်ပြီး သူက ''ဒီနေ့ခေတ်မှာ လူငယ်တွေက အသစ် အဆန်းတွေကို အမြဲနှစ်သက်ပြီး ရှာဖွေနေကြတယ်။ ပြီးတော့သူတို့ကိုယ်တိုင်ကလည်း အများနဲ့မတူတဲ့ သီးသန့် ကွဲထွက်နေတဲ့ ပုံစံမျိုးနဲ့ ရှင်သန်ချင်ကြတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ဒါ့ကြောင့် ကျွန်မ အာရှအမျိုးသမီးတွေရဲ့ စံပြအနုပညာရှင်တစ်ဦးဖြစ်လာအောင် ကြိုးစားနေပါတယ်''ဟု ပြောကြားခဲ့သည်။
အေးပြည့်

No comments:

Post a Comment