Wednesday, September 2, 2015

MTV ဂီတဆုပေးပွဲမှာ တေလာဆွစ်ကို အံ့အားသင့်စေခဲ့တဲ့ ကယ်လ်ဗင်ဟဲရစ်




သြဂုတ် ၃ဝရက် ညပိုင်းတွင် MTV ရုပ်သံလိုင်းက ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁၅ခုနှစ်အတွက် တေး ဗီဒီယိုဆုပေးပွဲတွင် ဆုတံဆိပ်အများဆုံးရရှိသွားခဲ့သူ အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွစ်အတွက် အံ့အားသင့်စရာကောင်းသည့် အစီအစဉ်တစ်ရပ်ကို သူ၏ချစ်သူ ကယ်လ်ဗင်ဟဲရစ်က စီစဉ်ပြုလုပ်ပေးခဲ့သည်။
အဆိုပါဆုပေးပွဲညတွင် ကယ်လ်ဘင်သည် နိုင်ငံခြားသို့ ဖျော်ဖြေရေးသွားရောက်နေခဲ့သော်လည်း ချစ်သူ၏ အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် တေလာအတွက် ပန်းရောင်နှင့် အနီရောင်နှင်းဆီပန်း လေးဒါဇင်ကို ပေးပို့ခဲ့သည်။ နှင်းဆီပန်းစည်းတစ်စည်းစီသည် တေလာရရှိခဲ့သော ဆုတစ်ခုစီအတွက် ရည်ရွယ်ပေးပို့ခဲ့ခြင်းလည်းဖြစ်သည်။
တေလာသည် အဆိုပါဆုပေးပွဲတွင် ၂ဝ၁၅ခုနှစ်အတွက် အကောင်းဆုံးတေးဗီဒီယိုဆုနှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုဆုတို့ကို 'Bad Blood ''တေးဗီဒီယိုဖြင့် လည်းကောင်း၊ အကောင်းဆုံးအမျိုးသမီးတေး ဗီဒီယိုဆုနှင့် အကောင်းဆုံးပေါ့ပ်တေးဗီဒီယိုဆု တို့ကို Blank Space''သီချင်း၏ တေးဗီဒီယိုဖြင့်လည်းကောင်း ရရှိခဲ့သည်။
အေးပြည့်

No comments:

Post a Comment