Wednesday, September 2, 2015

၁၃နှစ်အရွယ် မော်ဒယ်လေး ရိုမီယို




ဟောလိဝုဒ်ရဲ့ ဖက်ရှင်လောကမှာ နေရာတစ်ခု ရရှိလာခဲ့ပြီး နောင်တစ်ချိန်မှာ ဟောလိဝုဒ်ရဲ့ ဖက်ရှင်လောကမှာ ထွန်းတောက်လာမယ့်ကြယ်တစ်ပွင့်လို့ ထင်ကြေးပေးခံရတဲ့ tween နဲ့ Burberry ကုမ္ပဏီတို့ရဲ့ ပင်တိုင် မော်ဒယ်လေးတစ်ဦးဖြစ်တဲ့ ရိုမီယိုဟာ စက်တင်ဘာ ၁ရက်မှာ အသက် (၁၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ရိုမီယိုဟာ ကမ္ဘာကျော်ဘောလုံးကစားသမားဒေးဗစ် ဘက်ခမ်းနဲ့ နာမည်ကြီးဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ ဒုတိယမြောက်ရင်သွေးဖြစ်ကာ ရုပ်ရည်ချောမောပြေပြစ်တဲ့ အပြင် အရည်အချင်းရှိတဲ့ မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဘက်ခမ်းကိုယ်တိုင်ကလည်း မော်ဒယ် အဖြစ်လုပ်ကိုင်ခဲ့ဖူးကာ မိခင်ဖြစ်သူကလည်း ဖက်ရှင် ဒီဇိုင်းနှင့်ပတ်သက်ပြီး ကျော်ကြားတဲ့သူဖြစ်တဲ့အတွက် သူ့မှာဖက်ရှင်နဲ့ပတ်သက်ရင် အနုပညာအရည်အချင်းတွေ ပြည့်ဝနေတာဖြစ်ပါတယ်။
ရိုမီယိုဟာ ၂ဝ၁၄ခုနှစ် နှစ်ကုန်ပိုင်းလောက်က ကြမဘနမမပမော်ဒယ်ဖြစ်လာခဲ့ကာ အဆိုပါကုမ္ပဏီအတွက် ရိုမီယိုသရုပ်ဆောင်ပေးခဲ့သော ကြမဘနမမပ ဃ့မင်အာေ် ကြော်ငြာကို ရိုက်ကူးထုတ်လွှင့်ခဲ့ပြီးနောက် ကုမ္ပဏီရဲ့ ရောင်းအား ဆယ်ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ရိုမီယိုအတွက် လည်း ဖက်ရှင်လောကတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရစေခဲ့သည်။
အေးပြည့်

No comments:

Post a Comment