Tuesday, September 1, 2015

Miss Myanmar International (2015) နှင့် Miss Popular ဆုကို အမရာငြိမ်း ရရှိ



The Mirror Daily's photo.

သတင်းနှင့် ဓာတ်ပုံ - ခင်ဇာလီ

ရန်ကုန် သြဂုတ် ၃၁

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)က ကြီးမှူးကျင်းပပြီး Myanmar Tourism Marketing မှ event Organizer မှ Miss Myanmar International(2015) အဖြစ် တာဝန်ယူဆောင်ရွက်သည့် Miss Myanmar International(2015) နောက်ဆုံး ပြိုင်ပွဲကို သြဂုတ် ၃ဝ ရက်ည ၇ နာရီတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ရာ Miss International Myanmar (2015) နှင့် Miss Popular ဆုကို ခါးနံပါတ်(၁၄)ပြိုင်ပွဲဝင်အလှမယ် အမရာငြိမ်းကရရှိခဲ့သည်။

''ကျွန်မ ဒီဆုကို မမျှော်လင့်ဘဲရခဲ့တဲ့အတွက် အလွန်ပျော်မိပါတယ်။ ဒီဆုရရှိဖို့က ကျွန်မရဲ့အကြီးမားဆုံးအိပ်မက်ပါ။ အိပ်မက်တွေကို အကောင် အထည်ဖော်နိုင်ခဲ့ပြီ။ Miss တစ်ယောက်ရဲ့တာဝန်တွေကို ကျွန်မထမ်းဆောင်ရင်း ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုတွေကိုလည်း အကောင်းဆုံး လုပ်ဆောင်သွားမှာပါ''ဟု အမရာငြိမ်းက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဆန်ခါတင်ရွေးချယ်ထားခဲ့သော အလှမယ် ၂ဝ ထဲမှ First Runner up ဆုကို ခါးနံပါတ်(၅)သဒ္ဒါမာရီယာ၊ Second Runner up ဆုကို ခါးနံပါတ်(၃)ခေါင်နမ်၊ Miss Green ဆုကို ခါးနံပါတ် (၁၇) ရွှေလမင်းအိမ်၊ Miss Talent ဆုကို ခါးနံပါတ်(၁၉) ဂျဆန်းအင်တို့က အသီးသီးရရှိကြသည်။
ယခုကဲ့သို့ အလှမယ်ပြိုင်ပွဲများကို ကျင်းပရခြင်းမှာ ကမ္ဘာ့အဆင့် နိုင်ငံတကာပြိုင်ပွဲများသို့ နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လိုသော ထူးချွန်ထက်မြက်သည့် အလှမယ်များကို ရွေးချယ်ပေးလိုခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ စိတ်ဝင်စားဖွယ်ရာဒေသများကို ဖော်ထုတ်ပေးလိုခြင်းနှင့် မြန်မာ့ ခရီးသွားလုပ်ငန်းကိုမြှင့်တင်ခြင်း အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Miss Myanmar International 2015 ပြိုင်ပွဲကို ၂ဝ၁၂ခုနှစ်မှစတင်၍ ကျင်းပခဲ့ရာ နန်းခင်ဇေယျာ၊ ၂ဝ၁၃ ခုနှစ်တွင် ဂုဏ်ရည်အေးကျော်၊ ၂ဝ၁၄ ခုနှစ်တွင် ခင်ဝေဖြိုးဟန်တို့က ရရှိခဲ့သည်။ လာမည့် နိုဝင်ဘာတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့်(၅၅)ကြိမ်မြောက် Miss International Beauty Pageant 2015 ပြိုင်ပွဲကြီးသို့လည်း မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် အမရာငြိမ်းက ထပ်မံသွားရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

No comments:

Post a Comment