Tuesday, September 1, 2015

ဖောင်တော်ဦးဘုရားပွဲ လှေပြိုင်ပွဲကျင်းပရန်လမ်းကြောင်းပြတိုင်များ စိုက်ထူ




The Mirror Daily's photo.

မိတ္ထီလာ သြဂုတ် ၃၁

မိတ္ထီလာမြို့နယ် မြို့မရပ်တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပမည့် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ ကျင်းပရန် လမ်းကြောင်းပြတိုင်များကို ပြိုင်ပွဲကျင်းပမည့် ကန်ရေပြင်တွင် စိုက်ထူပြီးစီးကြောင်း သိရသည်။

''လှေပြိုင်ပွဲကိုလည်း ဖောင်တော်ဦး ဘုရားပွဲတော်မှာ မဖြစ်မနေထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုတော့ လှေပြိုင်ပွဲကျင်းပဖို့ လမ်းကြောင်းပြတိုင်တွေကို ပြိုင်ပွဲ ကျင်းပမယ့် ကန်ရေပြင်ထဲမှာ စိုက်ထူပြီးသွားပါပြီ။ ဒီနှစ်ကျင်းပမယ့် ဖောင်တော်ဦးဘုရားပွဲတွင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲမှာ
အကြီးတန်းငါးသင်း၊ အလတ်တန်း ငါးသင်း၊ အငယ်တန်းငါးသင်း စုစုပေါင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင် ကြမယ်လို့ မှန်းထားပါတယ်'' ဟု ဖောင်တော်ဦးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကပြောသည်။

မိတ္ထီလာမြို့ သမိုင်းဝင်ဖောင် တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ်များတွင် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ် တွင်ပြန်လည်ကျင်းပရန်စီစဉ်ခြင်း ဖြစ်ပြီး တော်သလင်းလဆန်း ၈ ရက် နေ့မှ တော်သလင်းလပြည့်ကျော် ၂ ရက်နေ့အထိ(စက်တင်ဘာလ ၂၁ ရက်မှ ၃ဝ ရက်အထိ) ဘုရားအနေကဇာ တင်မင်္ဂလာ၊ ဆွမ်းသပိတ်လောင်းလှူပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ မြန်မာ့ရိုးရာလောင်း လှေပြိုင်ပွဲများဖြင့် စည်းကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်ပြီး ဆိုင်ခန်းကြီး၊ ဆိုင်ခန်းငယ် ၆ဝဝ ကျော်ဖြင့် ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments:

Post a Comment