Tuesday, September 1, 2015

ခြေစွမ်းမပြနိုင်သည့်မည်သည့်ကြယ်ပွင့်ကစားသမားကိုမဆိုရောင်းချရန်ဝန်လေးမည်မဟုတ်ဟု မော်ရင်ဟို သတိပေး




The Mirror Daily's photo.

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ခြေစွမ်းမပြနိုင်သော မည်သို့သောကစားသမား မျိုးကိုမဆို အသင်းမှ ရောင်းချရန်ဝန်လေးမည်မဟုတ်ဘဲ ကစားသမားသစ်များဖြင့်ခေါ်ယူ အားအစားထိုးဖြည့်စွမ်းသွားမည်ဖြစ်ကြောင်း သတိပေးစကားပြောကြားခဲ့သည်။ချယ်လ်ဆီးသည်လက်ရှိတွင် ပရီမီယာလိဂ်၌ နိုင်ပွဲ တစ်ပွဲသာရရှိထားပြီး ရမှတ်လေးမှတ်ဖြင့်အမှတ်ပေး ဇယားအဆင့်(၁၃)နေရာတွင်သာ ရပ်တည်နေရကာ ဇယားထိပ်ရှိမန်စီးတီးနှင့် ရှစ်မှတ် အထိကွာဟသွားခဲ့ပြီဖြစ်သည်။

ချယ်လ်ဆီး ယမန်နှစ် ပရီမီယာလိဂ် ချန်ပီယံဖြစ်ခဲ့စဉ်က ခြေစွမ်းပြသနိုင်ခဲ့သော ဟာဇက်၊ ဖာဘရီဂတ်စ်၊မာတစ်နှင့်အိုင်ဗန်နိုဗစ်တို့၏ခြေစွမ်းမှာ ကျဆင်းနေသောကြောင့် မော်ရင်ဟိုမှာ စိတ်ပျက်နေခြင်းဖြစ်သည်။

ဟာဇက်မှာ ပြီးခဲ့သည့်ဘောလုံးရာသီက ပရီမီယာလိဂ်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် သာမန်ခြေစွမ်း အောက်ရောက်ရှိနေကာ ဖိအားအောက် ရောက်ရှိနေသည့်ပုံစံဖြင့် ရုန်းကန်နေရဆဲဖြစ်သည်။ မော်ရင်ဟိုက ပြီးခဲ့သည့်ဇူလိုင်လကပင် ဟာဇက်မှာ ရီးယဲလ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုထက် ပိုမိုခြေစွမ်းကောင်းသူဖြစ်သည်ဟု ချီးကျူးခဲ့သေးသည်။
'' ကစားသမားတစ်ယောက်ဟာ သက်ဆိုင်ရာ လိဂ်တစ်ခုမှာ အကောင်းဆုံးကစား သမားဆုကိုရတယ်ဆိုရင် ဒါဟာနောက်နှစ်မှာ လည်းသူ့ကို ဒီလိုခြေစွမ်းမျိုးဆက်ထိန်းနိုင်ဖို့ တွန်းအားပေးလိုက်တာပါပဲ။ ဒါပေမယ့်အသင်းရဲ့ ရလဒ်ပိုင်းအပေါ် တစ်ဦးတစ်ယောက်တည်းရဲ့ ခြေစွမ်းကြောင့်လို့ ကျွန်တော်ဘယ်တော့မှ ယိုးမယ်ဖွဲ့ပြီး အပြစ်ရှာနေမှာမဟုတ်ပါဘူး။ ဒါဟာ ကစားသမားအချို့ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲရလဒ်တွေပေါ့။ ဘယ်ကစား သမားပဲဖြစ်ဖြစ် သုံးပွဲထက်ပိုပြီးခြေစွမ်းတွေဆိုးဆိုးရွားရွားဖြစ်နေမယ်ဆိုရင်တော့ ဒါဟာသည်းခံလို့ရတဲ့အတိုင်းအတာထက်ကျော် လွန်သွားပါပြီ။ဒါကြောင့် အရင်ကလိုပဲပုံမှန်ပွဲ ထွက်ခွင့်ပေးမှာလားဆိုရင်တော့ 'မပေးနိုင်ပါဘူး'လို့ပဲ ကျွန်တော်ပြောလိုက်မှာပါ ဟု မော်ရင်ဟိုကဆိုခဲ့သည်။

လက်ရှိတွင် မန်စီးတီးမှာ ယခုနှစ် နွေဈေးကွက်တွင် စတာလင်အတွက်ပေါင် ၄၉သန်း၊ ဒီဘရူနီအတွက်ပေါင် ၅၂သန်းနှင့် အော့တမန်ဒီအတွက် ၃၂သန်းအထိ အသုံးပြု ကာ ခေါ်ယူခဲ့ရာ ချယ်လ်ဆီးမှာ မန်စီးတီးနှင့် ငွေကြေးအသုံးစရိတ်တွင် ယှဉ်နိုင်ခြင်းမရှိကြောင်း မော်ရင်ဟိုက ဝန်ခံခဲ့သည်။မန်စီးတီးမှာ ပြီးခဲ့သည့်နှစ်က အမှတ်ပေးဇယားဒုတိယ နေရာဖြင့်သာကျေနပ်လိုက်ရသောကြောင့် ယခုနှစ်တွင်တစ်ကျော့ပြန်ချန်ပီယံဖြစ်ရေးအတွက် ပြန်လည်ကြိုးပမ်းနေသဖြင့် ချယ်လ်ဆီး၏အင်အားအကြီးဆုံးပြိုင်ဘက်ဖြစ်ကြောင်းလည်း မော်ရင်ဟိုက ထောက်ပြခဲ့သည်။

ချယ်လ်ဆီးသည် ပေါ့ဘာအတွက်ပေါင် သန်း ၇ဝ၊ ဂျွန်စတုန်းအားပေါင်သန်း ၄ဝ နီးပါး အထိပေးချေကာ ခေါ်ယူရန်ကြိုးပမ်းနေ သော်လည်း ပြောင်းအရွှေ့ကလပိတ်သိမ်းသည် အထိထိုကိစ္စနှစ်ရပ်လုံးဖြစ်မြောက်နိုင်ဖွယ်မ ရှိပေ။
မေလဲ့သင်း

No comments:

Post a Comment