Tuesday, September 29, 2015

ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက် ဖျော်ဖြေမည့် FTISLAND




The Mirror Daily's photo.


တောင်ကိုရီးယားနာမည်ကျော် အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် FTISLAND သည် ဂျပန်နိုင်ငံ နယ်လှည့်ဖျော် ဖြေရေးခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိနေရာပေါင်း (၁၃)နေရာသို့ သွားရောက် ဖျော်ဖြေမည်ဖြစ်ပြီး ယင်းဖျော်ဖြေရေးခရီးစဉ်သည် အဖွဲ့၏ ဒုတိယမြောက် ဂျပန်နိုင်ငံဖျော်ဖြေရေး ခရီးစဉ်ဖြစ်သည်။

ယင်းခရီးစဉ်ကို ''Where's my PUPPY ''ဟု အမည်ပေးထားပြီး စက်တင်ဘာ ၂၈ရက်တွင် နာဂိုယာမြို့၌ စတင်ဖျော်ဖြေမည်ဖြစ်ပြီး အောက်တိုဘာ ၁ရက်နှင့် ၂ ရက်များတွင် ဂျပန်နိုင်ငံ၏ မြို့တော်တိုကျိုတွင် ဖျော်ဖြေသွားမည် ဖြစ်ကာ ဟီရိုရှီးမား၊ အိုစာကာ၊ စာပိုလို အစရှိသော ဂျပန် နိုင်ငံ၏အခြားသော မြို့ကြီးများသို့လည်း ဖျော်ဖြေသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်၏ ၃၂ရက်ကြာဖျော်ဖြေရေးခရီးစဉ်အတွင်း နေရာပေါင်း ၁၃နေရာသို့ သွားရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။
အေးပြည့် စုစည်းသည်

No comments:

Post a Comment