Tuesday, September 29, 2015

တေးအယ်လ်ဘမ်သစ်မှာ အော်ပရာသီချင်းကိုသီဆိုခဲ့တဲ့ အရီယာနာဂရန်ဒီ




The Mirror Daily's photo.


အမေရိကန်နာမည်ကျော်ပေါ့ပ်အဆိုတော်တစ်ဦး ဖြစ်တဲ့ အရီယာနာဂရန်ဒီဟာ သူသီဆိုနေကျဖြစ်တဲ့ ပေါ့ပ်ဂီတလိုင်းကနေခွဲထွက်ပြီး အော်ပရာ တေးသီချင်းတစ်ပုဒ်ကို အီတလီအဆို တော် အန်ဒရီယာဘိုစယ်လီရဲ့ တေး အယ်လ်ဘမ်သစ်မှာ ဘိုစယ်လီနဲ့ အတူ တွဲဘက်သီဆိုခဲ့ပါတယ်။

ဂရန်ဒီနဲ့ ဘိုစယ်လီတို့ တွဲဘက်သီဆိုခဲ့တဲ့သီချင်းမှာ E Più Ti Penso''ဖြစ်ပြီး ယင်း သီချင်းဟာ '']Once Upon a Time In America ''ရုပ်ရှင်၏ ဇာတ်ဝင်တေး တစ်ပုဒ်လည်းဖြစ်ပါ တယ်။ ဘိုစယ်လီ၏ တေးအယ်လ် ဘမ်သစ်ကို ''Cinema''လို့ အမည်ပေး ထားပြီး ယင်းတေးအယ်လ်ဘမ်မှာ ကျော် ကြားတဲ့ ဇာတ်ဝင်တေးများစွာကို ပြန်လည် စုစည်းသီဆိုထားခြင်းဖြစ်ပါတယ်။

ယင်းတေးအယ်လ်ဘမ်သစ်ကို လာမယ့်အောက်တိုဘာလ ၂၃ရက်မှာ စတင်ဖြန့်ချိသွားမှာဖြစ်တယ်လို့ သည်ဟောလိဝုဒ်ရက်ပေါ်တာသတင်းစာက ဖော်ပြခဲ့ပါတယ်။
အေးပြည့်စုစည်းသည်

No comments:

Post a Comment