Tuesday, September 29, 2015

စပိဘုတ်ပေါက်ကွဲမှု မော်လ်ဒိုက်သမ္မတ ဘေးမသီရန်မခလွတ်မြောက်




Myanmaalinn's photo.

ကိုလံဘို စက်တင်ဘာ ၂၈

စက်တင်ဘာ ၂၈ ရက်က မော်လ် ဒိုက်သမ္မတစီးနင်းလာသော စပိဘုတ် သည် မြို့တော်မေးလ်သို့ရောက်ခါနီး တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း သမ္မတ အဗ္ဗဒူလာယာမင်းသည် ဘေးမသီ ရန်မခလွတ်မြောက်ခဲ့ ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
သမ္မတရုံးဝန်ကြီးနှင့် ခေတ္တနိုင်ငံ ခြားရေးဝန်ကြီး မိုဟာမက်ဟူစိန် ရှာရစ်ဖ်က သမ္မတကတော် ဖာသီ မက်သ်မှာ ဒဏ်ရာအနည်းငယ်ရရှိ ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ သည်။
သမ္မတကတော်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သတိလက်လွတ် ဖြစ်သွားကာ ၎င်း၏နောက်ကျော တွင် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဒဏ်ရာမှာ အသက်အန္တရာယ်စိုးရိမ် စရာမရှိကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားခဲ့သည်။
၎င်းကို ဆေးရုံခေါ်ဆောင်သွား သောလူနာတင်ယာဉ်ပေါ်တွင် သမ္မတ လည်းလိုက်ပါသွားကြောင်း၊ ၎င်းကို စောင့်ကြည့်ကုသနေရကြောင်း၊ သို့သော် သမ္မတကြီးမှာ ဘေးကင်း လုံခြုံမှုရှိကြောင်း သမ္မတရုံးဝန်ကြီး ရှာရစ်ဖ်က ပြောကြားခဲ့သည်။
သမ္မတကြီးမှာ ဟာ့ဂ်ျဘုရားဖူးပြီး နောက် ဆော်ဒီအာရေဗျနိုင်ငံမှ မော်လ်ဒိုက်နိုင်ငံ၏ အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ပြီး အစိုးရအရာရှိများနှင့် သတင်း ထောက်များကြိုဆိုနေသော မေးလ် မြို့လေးသို့အသွား ခရီးလမ်းပေါ်တွင် ¤င်း၏စပိဘုတ်မှာ မီးလောင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အစ်ဇူဒင်ဆိပ်ကမ်းသို့ စပိဘုတ် ဆိုက်ကပ်လာစဉ် ကျယ်လောင်သော အသံများနှင့် မီးခိုးများထွက်လာ ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြော သည်။
သမ္မတ၏အသက်ကို ရည်ရွယ်ချက် ရှိရှိ လုပ်ကြံခြင်းလားဆိုသည်ကိုမူ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ် ကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment