Tuesday, September 29, 2015

ဆီးရီးယားစစ်ပွဲအဆုံးသတ်ရေး ရုရှားတိုက်တွန်း


Myanmaalinn's photo.
ကုလသမဂ္ဂ စက်တင်ဘာ ၂၈

စစ်ပွဲကြောင့် ထောင်းထောင်းကြေ ပျက်စီးနေသော ဆီးရီးယားနိုင်ငံ ပဋိပက္ခအဆုံးသတ်ရေး မဟာဗျူဟာသစ် ချမှတ်ရန် ဝါရှင်တန်ကကြိုးစားနေချိန် ပြင်သစ်က အိုင်အက်စ်တို့အား ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်ရန် စစ်လေယာဉ်များစေလွှတ်ခဲ့ရာ ရုရှားအနေဖြင့် ဆီးရီးယား ပဋိပက္ခအဆုံးသတ်ရေး နိုင်ငံတကာမှ ဝိုင်းဝန်းကြိုးပမ်းရန် တိုက်တွန်းဖွယ်ရှိသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပရာ နယူး ယောက်မြို့သို့ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့နှင့်အတူ ဆီးရီးယားအရေးဆွေးနွေးခဲ့ ကြသည်။ သို့သော်လည်း အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အသက်တမျှအရေးကြီးပြီး ညှိနှိုင်းလုပ်ဆောင်မှုများ မရှိ သေးဟု ဂျွန်ကယ်ရီက ဆိုသည်။
ဂျွန်ကယ်ရီသည် စနေနေ့က ကုလသမဂ္ဂ၌ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ဆီးရီးယားအရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ရုရှားစစ်ဘက်တာဝန်ရှိသူများအနေဖြင့် ဆီးရီးယား နှင့်အီရတ်တို့တွင် နယ်မြေများကို သိမ်းပိုက်ထားသော အိုင်အက်စ်တို့အားတုံ့ပြန်ရန် ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အီရန်၊ အီရတ်၊ ဆီးရီးယား တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘဂ္ဂဒက်၌ပြုလုပ်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၏ကြိုးပမ်းမှုများသည် အိမ် နီးချင်းနိုင်ငံများနှင့် ဥရောပသို့ ဒုက္ခသည်များတိုးလာ စေသည်ဟု ပြက်ရယ်ပြုပြောဆိုလိုက်သည်။ ဆီးရီးယား ပဋိပက္ခအဆုံးသတ်ရေးညှိနှိုင်းမှု မူဘောင်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ဆီးရီးယားရှိရုရှားစစ်အခြေစိုက် စခန်းတစ်ခုသို့ တင့်ကားများနှင့် စစ်လေယာဉ်များ ယခုလတွင် ပေးပို့ခဲ့ကြောင်း မော်စကို၌ သမ္မတပူတင်က ပြောကြားခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment