Tuesday, September 29, 2015

အမျိုးသမီးများ တန်းတူရည်တူအခွင့်အရေးမြှင့်တင်ပေးရေး တရုတ်သမ္မတရှီကျင့်ဖျင် အချက်လေးချက်တင်ပြ


Myanmaalinn's photo.

ဂျီနီဗာ စက်တင်ဘာ ၂၈

ကမ္ဘာတစ်ဝန်းအမျိုးသမီးများ အခွင့်အရေးမြှင့်တင်မှုအတွက် တရုတ် သမ္မတရှီကျင့်ဖျင်က တနင်္ဂနွေနေ့က ကုလသမဂ္ဂ၌ပြုလုပ်သော အဆင့် မြင့်အဆင့်ထိပ်သီးအစည်းအဝေး၌ အချက်လေးချက်တင်ပြဆွေးနွေးခဲ့ သည်။
အမျိုးသမီးများအား တန်းတူ ရည်တူအခွင့်အရေးပေးရေးနှင့် အမျိုး သမီးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အချက်လေးချက် ချမှတ် ၍ တွန်းအားပေးဆောင်ရွက်သင့် ကြောင်း သမ္မတရှီကျင့်ဖျင်က တိုက် တွန်းခဲ့သည်။
အမျိုးသမီးများအား လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများတွင် ပါဝင်ခွင့်ပေးသင့်ကြောင်း၊ အမျိုးသမီး များ၏အခွင့်အရေးနှင့် အကျိုးစီးပွား များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကာကွယ်ပေးသင့်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးတွင် အမျိုးသမီး များအားဦးဆောင်မှုအပိုင်းမှ ပါဝင် ခွင့်ပေးရမည်ဖြစ်ကြောင်း၊ အမျိုး သမီးများအား အခြေခံဆေးဝါး လို အပ်ချက် များဖြည့်ဆည်းပေးရမည်ဖြစ် ကြောင်း၊ အမျိုးသမီးတိုင်းအား လုံခြုံမှုနှင့်အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုဖန်တီးပေးပြီး စဉ်ဆက်မပြတ် သင်ယူနိုင်သောပညာရေးကို ဖန်တီး ပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ သည်။

(ဆင်ဟွာ)

No comments:

Post a Comment