Wednesday, September 2, 2015

အကျဉ်းထောင်မီးလောင်မှုကြောင့် လူ ၁၇ ဦးသေဆုံး


 
Myanmaalinn's photo.

ကရာကက်(စ်) စက်တင်ဘာ ၁

ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း အကျဉ်းထောင်တစ်ခုတွင် မီးလောင် ကျွမ်းမှုကြောင့် လူ ၁၇ ဦးသေဆုံးခဲ့သည်။ သေဆုံးသူထဲမှ ကိုးဦးမှာ အကျဉ်း သားများဖြစ်ပြီး အခြား ၁၆ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု တနင်္လာနေ့တွင် သက်ဆိုင်ရာအာဏာပိုင်များက အတည်ပြုခဲ့သည်။
ကာရာဘိုဘိုပြည်နယ်ရှိ Tocuyito အကျဉ်းထောင်တွင် ရှစ်နာရီကြာ မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားကိုးဦး သေဆုံးခဲ့သည် ဟု ရှေ့နေချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
သေဆုံးသူ ၁၇ ဦး၏ သေဆုံးမှုကိုစစ်ဆေးရန် အစိုးရ ရှေ့နေများအား ညွှန်ကြားထားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းကြောင့် မီးလောင်ကျွမ်းရခြင်းဖြစ်သည်ဟု လူမှုမီဒီယာများတွင် ဖော်ပြကြသည်။
ဒဏ်ရာရသူများနှင့်သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို အတိအကျမသိရသေးပေ။ ဒဏ်ရာရသူများကို အနီးစပ်ဆုံးဆေးရုံသို့ပို့ဆောင် ပေးခဲ့သည်ဟု မီဒီယာများက ပြောသည်။
အဆိုပါအကျဉ်းထောင်သည် ၂ဝ၁၄ ခုနှစ်တွင် အစိုးရက ပြန်လည် ပြုပြင်ပေးခဲ့သော အကျဉ်းထောင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အကျဉ်း သားများ များပြားနေသည့်အတွက် အကျဉ်းသား ၂ဝဝဝ ကို နေရာရွှေ့ပြောင်း ခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် ဗင်နီဇွဲလားသမ္မတက အကျဉ်းထောင်အဆောက်အအုံများကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အကျဉ်းဦးစီးဝန်ကြီးဌာနကို အကျဉ်းထောင်များအသစ်ပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment