Wednesday, September 30, 2015

ကလေးသူငယ်များ၏ အခွင့်အလမ်းဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ပါဝင်လက်မှတ်ထိုး




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာ ကလေးသူငယ်များ၏ အခွင့်အရေးကို ပိုမိုမြှင့်တင်ကာ ကွယ်ရန်အတွက် မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခွင့်အရေး များဆိုင်ရာ နောက်ဆက်တွဲ အခြေ ပြစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၈ ရက်က ကျင်းပသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုတွင်ကလေးသူငယ်များ၏ အခွင့် အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင် လွင်က ပါဝင်လက်မှတ်ရေးထိုးသည်။ အခမ်းအနားသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များနှင့် လက်နက်ကိုင်ပဋိ ပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စလိုင်လာ ဇာရိုဂီ၊ ကုလသမဂ္ဂ ဥပဒေရေးရာရုံး၊ စာချုပ်များဌာန အကြီးအကဲ မစ္စတာ ဆန်တီရေဂို ဗီလာပန်ဒိုတို့ တက်ရောက်သည်။
မြန်မာ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေး သူငယ်များ လုံးဝစုဆောင်းခြင်းမပြု ရန်ဆိုသည့် တပ်မတော်၏ မူဝါဒ နှင့်အညီ နောက်ဆက်တွဲ အခြေပြ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စုဆောင်း ခြင်းမှကာကွယ်ရန် တပ်မတော်၏လက်ရှိ ကြိုးပမ်းဆောင်ရွက်ချက် များကို အထောက်အကူပြုစေ မည်ဖြစ်သည်။
ဖော်ပြပါ အခြေပြစာချုပ်ကို ယနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံက စာချုပ်ဝင်နိုင်ငံများအဖြစ် ပါဝင်ထားပြီးဖြစ်သည်။

(သတင်းစဉ်)

No comments:

Post a Comment