Wednesday, September 30, 2015

အင်္ဂါဂြိုဟ်တွင် ရေစီးဆင်းနေသည့် အထောက်အထားတွေ့ရှိ




Myanmaalinn's photo.

နာဆာ စက်တင်ဘာ ၂၉


အမေရိကန်အာကာသ အေဂျင်စီ မှ သုတေသနပညာရှင်များက အင်္ဂါဂြိုဟ်သည် ပူနွေးသည့်ရာသီများ တွင် ရေများစီးဆင်းနေသည်ဟု ယူဆရကြောင်း ပြောခဲ့သည်။
နာဆာမှ သိပံ္ပပညာရှင်များသည် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ခွဲခြမ်း စိတ်ဖြာလေ့လာပြီး တွေ့ရှိချက်များကို သဘာဝဘူမိသိပံ္ပဂျာနယ်တွင် ရေး သား ဖော်ပြခဲ့ကြသည်။
အဆိုပါ အင်္ဂါဂြိုဟ်၏မျက်နှာပြင် ပေါ်ရှိ သတင်းအချက်အလက်များကို အင်္ဂါဂြိုဟ် ထောက်လှမ်းရေး အေဂျင်စီမှရရှိခဲ့ခြင်းဖြစ်သည်။
သုတေသနပညာရှင်များသည် အပူချိန် ပူနွေးမြင့်တက်လာသော အခါတွင် အင်္ဂါဂြိုဟ်ဟုခေါ်သော ဂြိုဟ်နီကြီး၏အစိတ်အပိုင်းအချို့တွင် တွေ့ရှိရသော အနက်ရောင် အစက် အပြောက်များကို အသေအချာ လေ့လာမှုများ ပြုလုပ်နေသည်။
၎င်းအနက်ရောင် အစင်း အပြောက်များသည် ဂြိုဟ်ကြီး၏အေးနေသော အချိန်များတွင် ပျောက်ကွယ်နေကြောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။
အနီအောက်ရောင်ခြည် အသုံးပြု ၍ အင်္ဂါဂြိုဟ်ကို လေ့လာမှုပြုရာ အနက်ရောင် အစင်းအပြောက်များ ရှိသော ဆားပျော်ရည်များသည် တောင်အောက်သို့ စီးဆင်းနေပုံရှိ သည်ကို တွေ့ရှိရသည်။
နာဆာ သိပံ္ပပညာရှင်များက အနက်ရောင် အစက်အပြောက်များ တွင် ဆားဒြပ်ပေါင်းများ ပါဝင်နိုင် သည်ဟု ယုံကြည်ထားသည်။
အမေရိကန် လေ့လာမှုများက အင်္ဂါဂြိုဟ်တွင် တစ်ချိန်တုန်းက ရေထုပမာဏ အများအပြားရှိကြောင်း၊ ထိုရေထုထည်ပမာဏထဲတွင် မြစ် ချောင်း၊ အင်းအိုင်များပါ ပါဝင်နိုင် ကြောင်း ဖော်ပြခဲ့သည်။ ရှာဖွေ တွေ့ရှိမှုအသစ်များသည် ရင်ခုန်လှုပ် ရှားစရာကောင်းကြောင်း နာဆာဂြိုဟ် တု သိပံ္ပဌာနအကြီးအကဲ ဂျင်ဂရင်း က ပြောခဲ့သည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment