Tuesday, September 1, 2015

ဂိုးသမားရိုမီယိုကြောင့် မန်ယူရှုံးပွဲတွေ့



The Mirror Daily's photo.


သြဂုတ်၃ဝရက်ကယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့ ဆွမ်ဆီးတို့ရဲ့ ပရီမီယာလိဂ်ပွဲစဉ်(၄)မှာ မန်ယူဂိုးသမားရိုမီယိုရဲ့ပေါ့ဆမှုကြောင့် အဝေးကွင်းမှာဆွမ်ဆီးကို နှစ်ဂိုး-တစ်ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီမီယာလိဂ်ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ မန်ယူက ထုံးစံအတိုင်း ၄-၂-၃-၁ပုံစံနဲ့ပွဲထွက်လာပြီး ဆွမ်ဆီးကတော့ ၄-၄-၂ကစားကွက်နဲ့ ခင်းကျင်းကာ မန်ယူကို ရင်ဆိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းလုံးဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းစပြီး ၅ မိနစ်မပြည့်ခင်မှာပဲ မာတာကဟာရဲရားနဲ့ ဒီပေးတို့ ရဲ့ တွဲလုံးကနေတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒီဦးဆောင်ဂိုးဟာကြာရှည်မခံခဲ့ဘဲ ပွဲချိန် ၆၁ မိနစ်နဲ့ ၆၆မိနစ်တွေမှာ ဆွမ်ဆီးရဲ့တိုက်စစ်အတွဲဖြစ်တဲ့ အေယူးနဲ့ ဂိုးမစ်တို့နှစ်ဦးက ချေပဂိုးနဲ့ဦးဆောင်ဂိုးတွေသွင်းခဲ့ကြလို့ မန်ယူအနေနဲ့ ဆွမ်ဆီးကိုနောက်ဆုံးတွေ့ဆုံခဲ့တဲ့ ငါးကြိမ်မှာ လေးကြိမ်အထိ ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းဆိုးရခဲ့ရတာဖြစ်ပါတယ်။

မန်ယူအနေနဲ့ ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်း အသာရခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်းအသာရခဲ့ပါတယ်။ပွဲချိန် ၆၉မိနစ်မှာ ရှနိုက်ဒါလင်နဲ့ ဟာရဲရားတို့နေရာမှာ အက်ရှလေယန်းနဲ့ ဖယ်လ်လိုင်နီတို့လူစားဝင်လာခဲ့ပြီးနောက် ပိုင်းမန်ယူကစားကွက် ပိုမိုသွက်လာကာ ဂိုးရနိုင်မယ့်အခွင့်အရေးတွေအများကြီးရလာပေမယ့်လည်း ဆွမ်ဆီးက အနိုင်ဂိုးကို ထိန်းဖို့အတွက် ခံစစ်ကိုပိတ်ဆို့ပြီးကစားခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးမှတောင် ထပ်မသွင်းနိုင်ဘဲ ယခုနှစ်ပရီမီယာလိဂ် ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယဂိုးပေးလိုက်ရတာဟာ မန်ယူဂိုးသမား ရိုမီယိုရဲ့အမှားကြောင့်ဖြစ်ပြီး ဒီပွဲအရှုံးကြောင့် မန်ယူဟာ အမှတ်ပေးဇယားအဆင့်(၅)နေရာအထိကျဆင်းသွားခဲ့ရပါ တယ်။ ဆွမ်ဆီးနည်းပြ ဂယ်ရီမွန့်ကတော့ ပြီးခဲ့တဲ့နှစ်ပရီမီယာ လိဂ်ပွဲစဉ်နှစ်ပွဲလုံးမှာလည်း မန်ယူအသင်းကိုအနိုင်ရအောင်ကစားထားနိုင်ခဲ့တဲ့အတွက် ဒီနိုင်ပွဲမှာသူ့အတွက် သုံးကြိမ်မြောက်နိုင်ပွဲလည်းဖြစ်ခဲ့ပြီး ဗန်ဟားလ်ကိုအမြဲအသာရတဲ့မှတ် တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးဝိန်းရွန်းနီဟာ ယခုပရီမီယာလိဂ်ပွဲ လေးပွဲ ကစားပြီးတဲ့အထိ လိဂ်ဂိုးတစ်ဂိုးမျှမသွင်းနိုင်သေးတာကလည်း မန်ယူကိုပိုပြီးဖိအားဝင်စေမှာပါ။ ဒါပေမယ့်ဗန်ဟား ကတော့သူ့အသင်းရဲ့ ကစားပုံဟာ ပွဲချိန် ၈၅ မိနစ်အထိ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တယ်လို့ကာကွယ်လိုက်ပါတယ်။
ရွိုင်ယန်ဟေဒင်

No comments:

Post a Comment