Tuesday, September 1, 2015

အဒဲလ်၏ တေးအယ်လ်ဘမ်သစ် ထွက်ရှိမည်



The Mirror Daily's photo.

အမေရိကန်ပေါ့ပ်အဆိုတော် အဒဲလ်၏ တစ်ကိုယ်တော်စတူရီယိုတေး အယ်လ်ဘမ်သစ် ''၂၅''ကို ယခုနှစ် နိုဝင်ဘာလအတွင်း ထုတ်လုပ်ဖြန့်ချိသွား မည်ဖြစ်ကြောင်း US Weekly သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါတေးအယ်လ်ဘမ်ကို တေးထုတ်လုပ်သူနှင့် တေးရေးဆရာများ ဖြစ်ကြသည့် မက်ဇ်မာတင်နှင့် ဒိန်းဂျားမောက်စ်တို့နှင့်အတူ ဖန်တီးခဲ့ပြီး ယင်းအယ်လ်ဘမ်သည် သူ၏ တတိယမြောက်တေးအယ်လ်ဘမ်လည်း ဖြစ်သည်။

အဒဲလ်သည် ဂရမ်ဆုဆယ်ဆုကို ပိုင်ဆိုင်ခွင့် ရရှိထားသော အောင်မြင် သည့် အဆိုတော်တစ်ဦးလည်းဖြစ်သည်။
အေးပြည့်

No comments:

Post a Comment