Tuesday, September 29, 2015

တိုက်စစ်မှူး မက်ဆီ နှစ်လကြာအနားမယူရဘဲ အသင်းနှင့်ပြန်လည် ပါဝင်လာမည်



The Mirror Daily's photo.


စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းမှ အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်မှူး မက်ဆီသည် လက်စ်ပဲလ်မက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘယ်ဒူးဒဏ်ရာပြဿနာကြုံခဲ့ခြင်းကြောင့် နှစ်လကြာ အနားယူရမည်ဆိုသော်လည်း အာဂျင်တီးနားအသင်း ဆရာဝန်က ဗီလာနီမူ တိုက်စစ်မှူး မက်ဆီသည် နှစ်လကြာအနား မယူရဘဲအသင်းနှင့်အတူ ပြန်လည်ပါဝင်လာ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုက်စစ်မှူး မက်ဆီသည် စက်တင်ဘာ ၂၆ ရက်ညပိုင်းက ဘာစီလိုနာအသင်းက လက်စ်ပဲလ်မက်အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သည့် ဘယ်ဒူးဒဏ်ရာပြဿနာကြောင့် ရက်သတ္တခုနစ်ပတ်မှ ရှစ်ပတ်အထိ အနားယူ ရရန်ရှိနေပြီး အသင်းနှင့်အတူ နှစ်လနီးပါး ကြာ ပွဲထွက်ကစားခွင့်ရရှိမည်မဟုတ်ကြောင်း အဆိုပါပွဲစဉ်ကစားသည့်နေ့တွင် ဘာစီလိုနာ အသင်းနည်းပြ အင်နရီကေးက ပြောကြား ခဲ့သည်။

အသက်(၂၈)နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီသည် ဒူးဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းနှင့် အာဂျင်တီးနား အသင်းတို့၏ ပွဲစဉ်များတွင် လွဲချော်ရမည် ဖြစ်သော်လည်း အာဂျင်တီးနားအသင်း ခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ကလပ်အသင်းက မျှော်လင့်ထားသည့် ရက်ထက်စော၍ အသင်းနှင့်အတူ ပြန်လည် ပွဲထွက်ကစားနိုင်မည့် အနေအထားတွင် ရှိနေကြောင်း အာဂျင်တီးနားလက်ရွေးစင် အသင်း ဆရာဝန်က ပြောကြားခဲ့သည်။

မက်ဆီသည် ၂ဝ၁၃ ခုနှစ်ကလည်း တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာပြန်လည် ကောင်းမွန်လာခဲ့ခြင်း ကြောင့် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၅၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည်။

ထို့အတူ အာဂျင်တီးနားအသင်း ဆရာဝန်က''တိုက်စစ်မှူး မက်ဆီရဲ့အကြောင်း ကို ကျွန်တော်အကောင်းဆုံးသိပါတယ်။ ဒူးဒဏ်ရာရရှိခဲ့ပြီး နှစ်လလောက် အနားယူရမယ်ဆိုပေမယ့် အချိန်တို အတွင်းမှာ အသင်းနဲ့အတူ ပါဝင်ပွဲထွက်လာ နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့ မျှော်လင့်ထားသလို့ ရက်သတ္တခြောက် ပတ်ကနေ ရှစ်ပတ်အထိ အနားယူရလိမ့်မယ် မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ငွေကြယ် ရေးသားသည်

No comments:

Post a Comment