Tuesday, September 29, 2015

ဟိုင်းကြီးကျွန်းရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီး




The Mirror Daily's photo.


ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၈

ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)၊ (၂)၊(၃) ရပ်ကွက်များကို ဆက်သွယ်ထားသော တမ္ပဝတီရေတပ်စခန်းဌာနချုပ်ရှောင်ကွင်းလမ်း ၃ ဒသမ ၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် သန်းပေါင်း ၄၆၅ ဒသမ ၉၉ ဖြင့် ပုသိမ်
ပိုင်အိုးနီးယား၊ သန်းဟိန်းကျော်DANYAWADI PRINCESSကုမ္ပဏီသုံးခုက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကုမ္ပဏီတစ်ခုလျှင် ၁/၁-၃ မိုင် စီတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအမျိုးအစားမှာ ၆၁၆ဝ ပေ x ၁၂ ပေ x ၈ ကွန်ကရစ်လမ်းအမျိုး အစားဖြစ်သည်။၎င်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ စက်တင်ဘာနောက်ဆုံးပတ်တွင် ပုသိမ် ပိုင်အိုးနီးယားကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း၊ သန်းဟိန်းကျော်ကုမ္ပဏီက ၃ဝရာခိုင်နှုန်း၊DANYAWADI PRINCESS ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အသီးသီးပြီးစီးနေပြီဖြစ်သည်။အဆိုပါတပ်ရှောင်ကွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာ ၃၁ ရက်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သန်းဟိန်းကျော်ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လမ်း၏အလယ်ပိုင်းကို တာဝန်ယူထားရသည်ဖြစ်၍ ရေအတက်အကျရှိသောချောင်းအတွင်းမှ လုပ်ငန်းသုံးပစ္စည်းများသယ်ယူရခြင်းနှင့် မိုးရွာသွန်းမှုများရှိနေခြင်းကြောင့် သတ်မှတ်ရက်ထက်အနည်းငယ်နောက်ကျပြီးမှ ပြီးစီးနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ခံဦးကျော်သက်က ပြောသည်။
ကျော်သူဟိန်း(ပြန်/ဆက်)

No comments:

Post a Comment