Tuesday, September 29, 2015

ကန်းထရီးအဆိုတော် အက်ဒိုင်းမွန်ဂိုမာရီ၏ သား ဟန်တာ ကွယ်လွန်



The Mirror Daily's photo.
စက်တင်ဘာ ၂၇ ရက်တွင် ကန်း ထရီးအဆိုတော် အက်ဒိုင်းမွန်ဂိုမာရီ က သူ၏သားဖြစ်သူ ဟန်တာမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းသို့ ပြောကြားခဲ့ သည်။

ဟန်တာသည် ကွယ်လွန်ချိန်တွင် အသက်(၁၉)နှစ်ရှိပြီဖြစ်ကာ ယာဉ် တိုက်မှုတစ်ခုကြောင့် ရရှိခဲ့သော ဒဏ်ရာဖြင့် ကန်တက်ကီဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ တနင်္ဂနွေနေ့ က ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

မွန်ဂိုမာရီက ''ကျွန်တော့သားက ဒီနေ့ပဲဆုံးပါးသွားခဲ့ပါပြီ။ သူကောင်း ကင်ဘုံမှာ အေးအေးချမ်းချမ်းရှိနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါ တယ်။ သားအတွက် ဆုတောင်းပေးခဲ့ တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါ တယ်''ဟု ပြောကြားခဲ့သည်။

ဟန်တာသည် မွန်ဂိုမာရီနှင့် ဇနီး ဟောင်းဖြစ်သူ ထရေစီတို့၏ သား သမီးလေးဦးအနက် အငယ်ဆုံးသား ဖြစ်ကာ ပြီးခဲ့သည့်သြဂုတ်လအတွင်း က ဟန်တာသည် သူ့ဖခင်၏ ဖျော်ဖြေပွဲတစ်ခုတွင် သူ၏ချစ်သူနှင့် စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။
အေးပြည့်

No comments:

Post a Comment