Monday, September 28, 2015

တိုက်စစ်မှူး လီဝန်ဒိုစကီး ဘွန်ဒက်လီဂါသွင်းဂိုး ၁ဝဝ မြောက်သွင်းယူ




ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန် ဒိုစကီးသည် ဘိုင် ယန်မြူးနစ် အသင်း က မိန့်ဇ်အသင်း အား သုံးဂိုးပြတ်ဖြင့် အနိုင် ရရှိခဲ့သည့် ဘွန်ဒက်လီဂါ ပွဲစဉ် တွင် ဘွန်ဒက် လီဂါ သွင်းဂိုး ၁ဝဝ မြောက်သွင်းယူနိုင်ခဲ့သည်။ မိန့်ဇ် အသင်းအား အနိုင်ရရှိခဲ့ခြင်းကြောင့်လည်း ဘိုင်ယန်မြူးနစ် အသင်းမှာ အမှတ်ပေးဇယားထိပ်တွင် ရပ်တည်နိုင်ခဲ့သည်။
ယင်းပွဲစဉ်တွင် တိုက်စစ်မှူး သောမက်မူလာသည် ပထမပိုင်းတွင် ရရှိလာခဲ့သည့် ပင်နယ်တီသွင်းဂိုးကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ခြင်းကြောင့် တိုက်စစ်မှူး လီဝန်ဒိုစကီးက ပွဲကစားချိန် ၅၁ မိနစ်တွင် ဘိုင်ယန်မြူးနစ် အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် လီဝန်ဒိုစကီးသည် ဘွန်ဒက်လီဂါသွင်းဂိုး ၁ဝဝ မြောက်အဖြစ် သွင်းယူအောင်ပွဲခံနိုင်ခဲ့ပြီး ပွဲစဉ်(၇)ပွဲတွင် ၁ဝ ဂိုးသွင်းယူနိုင်ခဲ့သည့်စံချိန်လည်း တင်နိုင်ခဲ့သည်။

No comments:

Post a Comment