Monday, September 28, 2015

ခရစ္စတယ်ပဲလေ့တောင်ပံကစားသမား ဘိုလာစီ စာချုပ်သစ်ချုပ်ဆို




ခရစ္စတယ်ပဲလေ့ တောင်ပံ ကစားသမား ဘိုလာစီ သည် အသင်းနှင့် သုံးနှစ်ခွဲသက်တမ်း ရှိ စာချုပ်သစ်တစ် ရပ် ထပ်တိုးချုပ် ဆိုလိုက်ပြီ ဖြစ်သည်။ တောင်ပံ ကစားသမား ဘိုလာစီသည် ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် နည်းပြ အလန်ပါဂျူး၏ ခရစ္စတယ်ပဲလေ့ အသင်းအတွက် သွင်းဂိုး လေးဂိုးသွင်းယူပေးနိုင်ခဲ့သည့်အပြင် ဖန်တီး ပေးနိုင်မှု ၁၁ ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။
ခရစ္စတယ်ပဲလေ့အသင်းသည် ပြီးခဲ့သည့်ဘောလုံး ရာသီက ပရီမီယာလိဂ်အမှတ်ပေးဇယား၏ အဆင့်(၁ဝ)တွင် ရပ်တည်နိုင်ခဲ့ခြင်းကြောင့် ခရစ္စတယ်ပဲလေ့အသင်း အတွက် ရလဒ်ကောင်းများဖန်တီးပေးနိုင်သူအဖြစ် နည်းပြ အလန်ပါဂျူးက မှတ်ချက်ပြုခဲ့သူဖြစ်သည်။ လက်ရှိတွင် စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းကြောင့် တောင်ပံကစားသမား ဘိုလာစီသည် ခရစ္စတယ်ပဲလေ့အသင်း၌ ၂ဝ၁၉ ခုနှစ်တိုင် အောင် ဆက်ရှိနေမည်ဖြစ်သည်။

No comments:

Post a Comment