Monday, September 28, 2015

ရက်ပ်အဆိုတော် ဖက်တီဝက်ပ် ဆိုင်ကယ်တိုက်မှုကြောင့် ဒဏ်ရာရ




ရက်ပ်တေးသီချင်းများဖြင့် ကမ္ဘာကျော်ခဲ့သော အဆိုတော်ဖက်တီဝက်ပ် သည် နယူးဂျာစီပြည်နယ်ရှိ သူ၏ဇာတိမြို့ဖြစ်သည့် ပက်တာဆန်မြို့အနီးတွင် ပြီးခဲ့သည့်စနေနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မော်တော်ဆိုင်ကယ်တိုက်မှု ကြောင့် ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာမှာမူ စိုးရိမ်စရာအခြေအနေမရှိပေ။
ဒေသခံရဲအရာရှိများ၏ ပြောကြားချက်အရ အသက်(၂၅)နှစ်အရွယ် အဆိုတော် ဖက်တီဝက်ပ်ကို စိန့်ဂျိုးဇက်ဆေးခန်းသို့ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ပြီး သူ၏ဘယ်ဘက်လက်မောင်းနှင့်ခြေထောက်တို့တွင် ကွဲရှဒဏ်ရာ များသာရရှိခဲ့ပြီး လတ်တလောတွင် စိုးရိမ်စရာအခြေအနေမရှိကြောင်း အမ်ဘီစီနယူးယော့ခ် သတင်းစာသို့ ပြောကြားခဲ့သည်။
ဒဏ်ရာမှာမူ စိုးရိမ်ဖွယ်မရှိသော်လည်း အဆိုတော်သည် လိုင်စင်မရှိဘဲ မော်တော်ယာဉ်မောင်းနှင်မှု၊ ယာဉ်ကို သေချာစစ်ဆေးခြင်းမရှိဘဲ မောင်းနှင်မှုနှင့် လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုတို့ဖြင့် တရားစွဲဆိုခံရနိုင်ဖွယ် ရှိကြောင်း အဆိုပါ ရဲအရာရှိများက ဆက်လက်ပြောကြားခဲ့သည်။
ထိုသို့ယာဉ်တိုက်မှုသတင်းပျံ့နှံ့သွားခဲ့သည်နှင့်တစ်ပြိုင်နက် အွန်လိုင်း မီဒီယာပေါ်တွင် ဖက်တီဝက်ပ်အတွက် ဆုတောင်းပေးကြသူများအသင်းကို တည်ထောင်ကာ သူတို့ချစ်သောအနုပညာရှင်အတွက် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များက ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြသည်။
အေးပြည့်

No comments:

Post a Comment