Tuesday, September 1, 2015

ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ တွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး (၂) စီမံချက် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၉ ရက်က မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေ တူရှင်းချဲ့(ခ) မာဂမ်၏ နေအိမ်ကိုရှာဖွေရာ ဘိန်း ဖြူဘလောက်တုံး ၁၅ တုံး (ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၂၅ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉၁၅ဝ၊ ဘိန်းစိမ်း ၉ ဒသမ ၈ ကီလိုနှင့် လက် ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ သြဂုတ် ၂၅ ရက်က လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု နမ့်ဖွတ်ကျေးရွာနေ မနိုင်းမူး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၃၆၅ ပြားကိုလည်းကောင်း၊ သြဂုတ် ၂၇ ရက်က ကလေးမြို့ နယ်မြေ (၁ဝ) ဗိုလ်အောင်ကျော်လမ်း ပေါ်တွင် လားလ်တန်လောမ့်(ခ) လောတာ မောင်းနှင်လာသည့်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝ ကို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက် အရ ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၅) နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ ပြားနှင့် လားလ်ထန်လောမ်း၏ အိပ်ခန်း အတွင်းမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၇၈ ရွက်တို့ကို လည်းကောင်း၊ သြဂုတ် ၂၇ ရက်က လားရှိုးမြို့ မြို့ရှောင်လမ်း အေးရှား ဝေါလ်တိုးဂိတ်အနီးတွင် ကွတ်ခိုင်မှ လားရှိုးသို့ စံပမောင်းနှင်ပြီး ထွန်းအောင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းဖြူ အလေးချိန် သုည ဒသမ ဝ၂၄ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား၎ဝဝ တို့ကိုလည်းကောင်း သိမ်းဆည်းရမိ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment