Tuesday, September 29, 2015

ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ကျင်းပ



The Mirror Daily's photo.


ရန်ကုန် စက်တင်ဘာ ၂၈

ယနေ့သည် ၁၃၇၇ ခုနှစ် တော်သလင်းလပြည့်နေ့ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဂရုဓမ္မအခါတော်နေ့ တစ်နေ့ ဖြစ်သည်။ ကိုယ်ကျင့်သီလစောင့်ထိန်း လိုက်နာရမည့် ဂရုဓမ္မ အခါတော်နေ့ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် နှင့် ကမ္ဘာအေးစေတီတော်တို့၌ ကျင်းပသည်။

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အခမ်းအနားကို နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူ များက ရွှေတိဂုံစေတီတော်မြတ်အား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီး ဆွမ်းများ ကပ်လှူပူဇော်ကြပြီး သူတော်ကောင်းတို့ အလေးဂရုထား ကျင့်သုံးလိုက်နာသည့် ဂရုဓမ္မငါးပါး သီလတော်ဆိုင်ရာ အမွှမ်းများကို ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့ ဆုတောင်းခြင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အလားတူ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ မင်္ဂလာအခမ်းအနား ကို မွန်းလွဲ ၂ နာရီတွင် ကမ္ဘာအေး စေတီတော် အာရုံခံတန်ဆောင်း အပေါ်ထပ်၌ ကျင်းပသည်။

အခမ်းအနားတွင် စေတီတော် ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးလှထွန်းက ဂရုဓမ္မ အခါတော်နေ့ အကြောင်းကို မင်္ဂလာထောမနာ စကားဖြင့် ရှင်းလင်းပြောကြားပြီး ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်း ၂၁ သင်းမှ အဖွဲ့ဝင်များက ဂရုဓမ္မ ဇာတ်တော်အမွှမ်းနှင့် ငါးပါးသီလ ကိုယ်ကျင့်တရားကဗျာတို့ကို စုပေါင်း ရွတ်ဆိုပူဇော်ကြပြီး မေတ္တာပို့ ဆုတောင်းအမျှဝေကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment