Tuesday, September 29, 2015

အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲစတင်




The Mirror Daily's photo.


ရန်ကုန် စက်တင်ဘာ ၂၈

၂ဝ၁၆ အာရှယူ-၁၉ ပြိုင်ပွဲခြေစစ်ပွဲ အုပ်စု(G) ပထမနေ့ ပွဲစဉ်များကို ယနေ့ညနေပိုင်းက စတင်ကျင်းပရာ ဗီယက်နမ် အသင်းနှင့် တီမောအသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။

(ပထမပွဲ)

ဗီယက်နမ် - သုံးဂိုး
ဟောင်ကောင် - တစ်ဂိုး

ဗီယက်နမ်အသင်းအတွက် ဟောင်ကောင်အသင်းမှာ ပြိုင်ဘက်ကောင်းမဖြစ်ခဲ့ဘဲ လွယ်ကူသည့်နိုင်ပွဲတစ်ပွဲဖြစ် ခဲ့သည်။ ဗီယက်နမ်အသင်းမှာ ယခုပွဲတွင် ခြေအသာဖြင့် တောက်လျှောက်ဖိကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သော်လည်း အဆုံးသတ်အားနည်းခဲ့၍သာ သုံးဂိုးဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ ဗီယက်နမ်အသင်းမှာ အနိုင်ရရှိခဲ့သော်လည်း ခံစစ်ပိုင်းအားနည်းချက်များရှိနေပြီး အခွင့်အရေးတစ်ကြိမ် ကို တစ်ဂိုးပေးခဲ့ရသည်။

အုပ်စု (G)တွင် ခြေစစ်ပွဲအောင်ရန် အိမ်ရှင်မြန်မာ အသင်းနှင့်အတူ ရေပန်းစားနေသည့် ဗီယက်နမ်အသင်းမှာ ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားခဲ့သည်။ ပွဲအစ ခုနစ်မိနစ်မှာပင် ဗီယက်နမ်အသင်း ဦးဆောင်ဂိုးရခဲ့ရာ ပွဲကို စိတ်ကြိုက်ကစားနိုင်ခဲ့သည်။ ယင်းဂိုးကို ဟာဒူချင်က သွင်းယူခဲ့သည်။ ဗီယက်နမ်အသင်းက ယင်းနောက်ပိုင်းတွင် ပွဲကို ဆက်လက်ဖိကစားနိုင်ခဲ့သော်လည်း ပထမပိုင်း ပြီးခါနီးတွင် မထင်မှတ်ဘဲ ဂိုးပြန်ပေးခဲ့ရသည်။ ဟောင်ကောင် အတွက် ချေပဂိုးကို ၄၂ မိနစ်တွင် ဟိုချင်းယန်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် ဗီယက်နမ်အသင်းက ဆက်လက်ဖိကစားခဲ့ပြီး ၄၇ မိနစ်တွင် ငုယင်သီလင်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ဗီယက်နမ်အသင်းကသာ ပွဲကို ထိန်းချုပ်သွားခဲ့ပြီး ၅၉ မိနစ်တွင် ဟာဒူချင်က တတိယဂိုးသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ဗီယက်နမ်နောက်ခံလူတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ဟောင်ကောင်အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့သော်လည်း ဝင်အောင်မသွင်းနိုင်ခဲ့ပေ။

ဒုတိယပွဲစဉ်တွင် တီမောအသင်းက ဘရူနိုင်းအသင်း ကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယနေ့ပွဲစဉ်များ ကို စက်တင်ဘာ ၃ဝ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ဟောင်ကောင်နှင့် တီမော၊ ညနေ ၆ နာရီခွဲ တွင် မြန်မာနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
(သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်)

No comments:

Post a Comment