Tuesday, September 29, 2015

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ/အခြားအဆင့် (အမျိုးသား/အမျိုးသမီး) ဝတ်စုံများ အသစ်ပြဋ္ဌာန်း သတ်မှတ်




နေပြည်တော် စက်တင်ဘာ ၂၈

မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ/အခြားအဆင့် (အမျိုးသား/အမျိုးသမီး)များ လက်ရှိအသုံးပြုလျက်ရှိသည့် စစ်ဝတ်စုံများအား နိုင်ငံတကာတပ်မတော်များ၏ ဝတ်စုံများနှင့်အညီဖြစ်စေရေး၊ တပ်မတော်သားများ၏ စိတ်ဓာတ်ပိုမိုမြင့်မားတက်ကြွစေရေးနှင့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာ ဝတ်ဆင်နိုင်ရေးအတွက် အသစ်ပြဋ္ဌာန်းလိုက်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ သတင်းရရှိသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ဝတ်စုံများအား ယှဉ်တွဲပါပုံများအတိုင်း သတ်မှတ်ထားကြောင်းနှင့် အဆိုပါ စစ်ဝတ်စုံအသစ်များအား သတ်မှတ်ရက်များအလိုက် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံး ပြောင်းလဲဝတ်ဆင်ကြရမည်ဖြစ်ကြောင်း၊ ပြောင်းလဲရန်ကျန်ရှိသောစစ်ဝတ်စုံများကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment