Wednesday, September 30, 2015

ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်



ဖားကန့် စက်တင်ဘာ ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်နေမှုများကို စက်တင်ဘာ ၂၆ ရက်က မြို့မရပ်ကွက်ရှိ မြို့မရုံး၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မီးသတ်တပ်ဖွဲ့ ဒုတိယမီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်(သန္တေ)၊ အရန်မီးသတ်ဦးစီးမှူး ဦးကျော်ဝင်းဆွေ၊ ဦးအေးသိန်း(ဆိပ်မူ)တို့က ဟောပြောပို့ချခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံလာခဲ့လျှင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန် ဥရုချောင်း အတွငှ်းစနနိ သြအေ (စပိဘုတ်) စက်လှေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်မှုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စိုးနိုင်ဦး(ဖားကန့်)

No comments:

Post a Comment