Wednesday, September 30, 2015

ဟံသာဝတီအသင်း တတိယမြောက် နိုင်ပွဲရရှိ


 



သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန်   စက်တင်ဘာ   ၂၉

၂ဝ၁၅ ရာသီMNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆)ပထမနေ့ ပွဲစဉ်များကို ယနေ့ ညနေပိုင်းက ကျင်းပရာ ဟံသာဝတီအသင်းက မနောမြေအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တန်းဆင်းဇုန်ထဲ ကျရောက်နေ သည့် အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှုတွင် ဟံသာဝတီအသင်းက နိုင်ပွဲများရယူပြီး  တန်းဆင်းဇုန်မှ လွတ်ရန် မျှော်လင့်ချက် ပိုကောင်း သွားခဲ့သည်။ ဟံသာဝတီအသင်းမှာ တတိယမြောက်နိုင်ပွဲနှင့်အတူ ၁၈ မှတ် ရရှိလာပြီး ရှုံးပွဲကြုံတွေ့ခဲ့သည့် မနောမြေအသင်းမှာ လက်ကျန်ပွဲ များတွင် ရုန်းကန်ရတော့မည် ဖြစ် သည်။ ဆီဗာဂျီလက်ထက်တွင် နိုင်ပွဲ များ စတင်ရရှိခဲ့သည့် ဟံသာဝတီ အသင်းမှာ တန်းဆင်းဇုန်ထဲမှအသင်း ကို အနိုင်ရခဲ့သောကြောင့် အနိုင် သုံးမှတ်မှာ ပိုမိုတန်ဖိုးရှိသွားခြင်းဖြစ် သည်။
နှစ်သင်းစလုံး အမှတ်လိုနေသော ကြောင့်   အားကုန်ထုတ်ကစားခဲ့ပြီး ပွဲမှာ  အပြန်အလှန်ရှိခဲ့သည်။   ပွဲ အစပိုင်းတွင်  ဟံသာဝတီအသင်းက

ခြေ အသာရခဲ့ပြီး ၁ဝ မိနစ်တွင် တိုက်စစ်မှူး အူပမန်နော့ဗ်က အဖွင့်ဂိုး စတင် သွင်းယူပေးခဲ့သည်။ ၂၅ မိနစ်တွင် အောင်မြင့်ထွန်းက ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ သူတင်ကိုယ်တင်ရှိခဲ့ပြီး ခြေစွမ်းပြနေသည့် တောင်ပံ ကစားသမား အောင်မျိုးသူရက ၄၄  မိနစ်တွင် ဟံသာဝတီအတွက် ဒုတိယ ဂိုးသွင်းယူပေးခဲ့သည်။

မနောမြေအသင်းမှာ ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော် လည်း ဟံသာဝတီ ခံစစ်ပိုင်းက အမှားအယွင်းမရှိ  ဖျက်ထုတ်နိုင်ခဲ့သည်။  ယခုပွဲ  အပြီးတွင်  ဟံသာဝတီက ၁၈ မှတ်၊ မနောမြေအသင်းက ၁၅ မှတ်တို့ ရရှိထားသည်။
ယနေ့ကစားမည့်ပွဲများမှာYUSC  ကွင်း၌ ရန်ကုန်-ကမ္ဘောဇ၊ မုံရွာကွင်း ၌ ဇေယျာရွှေမြေ-မကွေး၊ အောင်ဆန်းကွင်း၌ ချင်း-ရခိုင်၊ ပေါင်းလောင်း ကွင်း၌ နေပြည်တော်-ဇွဲကပင်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

No comments:

Post a Comment