Wednesday, September 30, 2015

ဖက်ဒရယ်ပြည်ထောင်စုစနစ် အလုပ်ရုံဆွေးနွေး





ရေး စက်တင်ဘာ ၂၉

မွန်ပြည်နယ် ရေးမြို့ မွန်ဓမ္မာရုံ၌ ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကနေဒါအခြေစိုက်Myanmar Forum of Federation (FOF) နှင့် မြန်မာနိုင်ငံအခြေစိုက်EBO Myanmar အဖွဲ့များ ပူးပေါင်းကာ ဦးဆောင်ဆွေးနွေးသူများအနေဖြင့် ဦးခိုင်ကျော်မိုး၊ ဦးစိုင်းမော(န်)၊ မိဂျေးဂျေးညီတို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချ ခြင်းစနစ်၊ အာဏာခွဲဝေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ် ချိတ်ဆက်မှု၊ မတူကွဲပြားခြင်းနှင့် ညီညွတ်မှုကိုတည်ဆောက်ခြင်း၊ ဒေသန္တရအစိုးအရများအကြောင်း စသည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အမျိုးသမီးများအဖွဲ့၊ ရေးမြို့နယ်အတွင်းရှိ မွန်လူမှုအဖွဲ့အစည်းများ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ ရပ်ကွက်ကျေးရွာများမှ စိတ်ပါဝင်စားသည့် ဖိတ်ကြားထားသူ များ တက်ရောက်ကြကာ ဆွေးနွေးပွဲမှရရှိလာသော ဆွေးနွေးမှုရလဒ်များကိုလည်း အုပ်စုများဖွဲ့၍ ဝိုင်းဝန်းအဖြေရှာကြကြောင်း သိရသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်း အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ် အပြင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ကျင်းပနိုင်ခဲ့ပြီးဖြစ်ကာ ကျန်ပြည်နယ်များ၌လည်း ဆက်လက်ကျင်းပသွားရန်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ နေမျိုးထွဋ်(ရေး)

No comments:

Post a Comment