Monday, September 28, 2015

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဒေါ်လာနှစ်ဘီလီယံ တရုတ်နိုင်ငံက ရန်ပုံငွေထူထောင်ပေးမည်




Myanmaalinn's photo.

ကုလသမဂ္ဂ စက်တင်ဘာ ၂၇

တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ပံ့ပေးရန် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံး တန်းတူညီတူဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဖြစ်ပေါ်ရန် ကူညီထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က စနေနေ့တွင် ကုလသမဂ္ဂ၌ ပြောကြား သည်။ တရုတ်နိုင်ငံအနေဖြင့် ၂ဝ၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးရေး အစီအမံကို အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီပေးရေးအတွက် အဆိုပါရန်ပုံငွေကို ထူထောင်ပေးသွားမည်ဖြစ်ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် ကုသလမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးထိပ်သီး အစည်းအဝေး ၌ ရှီက ပြောကြားလိုက်သည်။

(ဆင်ဟွာ)

No comments:

Post a Comment