Monday, September 28, 2015

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တူးတူးနှင့် စောဂေါ်မူတို ထိုးသတ်မှု အနိုင်အရှုံးမပေါ်


 



သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း) ၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် စက်တင်ဘာ ၂၇

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီးVictory Myanmar
Group က အဓိကကူညီပံ့ပိုးကာT&T Group နှင့်Naing Moe Intertainment တို့ စီစဉ်ကျင်းပသည့် မြန်မာ့သွေး၊ မြန်မာ့သတ္တိနှင့် မြန်မာ့မာန်ကို ပြသ သော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားခန်းမ၌ ယှဉ်ပြိုင်ထိုးသတ်ရာ ပထမတန်း လက်ဝှေ့ကျော် တူးတူး(နဂါးမာန်)နှင့် စောဂေါ်မူတို(သတ္တိ)တို့ အနိုင်အရှုံး မပေါ်ဘဲ သရေဖြင့်ကျေနပ်ခဲ့ရသည်။
ယနေ့ယှဉ်ပြိုင်ထိုးသတ်သည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် တွဲဆိုင်း ၁၁ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်ရာ တစ်မူထူးခြားစွာ ထည့်သွင်းထားသည့် အမျိုး သမီး တွဲဆိုင်းနှစ်ဆိုင်းလည်း
ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။ တွဲဆိုင်း ၁၁ ဆိုင်းတွင် သရေရှစ်ပွဲကျ ခဲ့ပြီး အလဲထိုးဖြင့် အနိုင်ရသည့်ပွဲ သုံးပွဲသာ ရှိခဲ့သည်။ ရိုးရာလက်ဝှေ့ အမျိုးသမီး မျိုးဆက်သစ်များ ပေါ် ထွန်းရေးအတွက် ထည့်သွင်းထား သော တွဲဆိုင်းနှစ်ဆိုင်းဖြစ်သည့် မူမူထွေး(မြွေဟောက်မင်း)နှင့် နော်ချဲ ဖော(တောင်ကလေး)၊ ချယ်ရီ(မြွေ ဟောက်မင်း)နှင့် နော်စုစုမြတ် (အာကာသိပ္ပံ- ရန်ကုန်)တို့ တွဲဆိုင်း များသည် အနိုင်အရှုံးမပေါ်ခဲ့သလိုသားချောလှ(ရက္ခမဏ္ဍိုင်)နှင့် ထွန်း မင်းအောင်(ထွန်းထွန်းမင်းကလပ်)၊ ထွန်းလွင်မိုး(နဂါးမာန်)နှင့် စောသူရိန် (သတ္တိ)၊ ကျားဗဟိန်း(အလင်းရောင်)နှင့် မျိုးမာန်သစ်(STL) ၊ သိန်းစိုး (T&T)နှင့် မိုက်မိုက်( STL)၊သွေးသစ် အောင်(နဂါးနီ)နှင့် စိုးလင်းဦး (ဒို့ရိုးရာ)၊ တူးတူး(နဂါးမာန်)နှင့် စောဂေါ်မူတို (သတ္တိ)တို့ တစ်ဦးနှင့် တစ်ဦး ရေကုန်ရေခန်း ယှဉ်ပြိုင် ထိုးသတ်ခဲ့သော်လည်း အနိုင်အရှုံး မပေါ် သရေဖြင့်သာ ကျေနပ်ခဲ့ရ သည်။
အလဲထိုးဖြင့် ရင်ဆိုင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့်ပွဲများမှာ စောမိုက် ရိုင်း(ရွှေဖူး)နှင့် စောလှကြည်ထူး (တောင်ကလေး)တို့ပွဲတွင် စောမိုက် ရိုင်းက ဒုတိယအချီ ၁ မိနစ် ၂၂ စက္ကန့်မှာပင် အလဲထိုးဖြင့် လည်း ကောင်း၊ ရဲသွေးနီ(တောင်ကလေး)နှင့် ကျော်ဝင်းအောင်(T&T) တို့ပွဲ၌ တတိယအချီ ၁ မိနစ် ၁၂ စက္ကန့်တွင် ရဲသွေးနီက အလဲထိုးဖြင့်လည်း ကောင်း၊ ဖျံသွေး(အောင်မြန်မာ)နှင့် ရှမ်းကို(T&T) ပွဲတွင်လည်း ဖျံသွေး က ဒုတိယအချီ ၂ မိနစ် ၂၉ စက္ကန့်မှာ ပင် ညာထောက်လက်သီးဖြင့် ရှမ်းကို အား ပွဲသိမ်းအနိုင်ယူခဲ့သည်။
ယနေ့ကျင်းပသည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ၌ တစ်ချိန်က မြန်မာနိုင်ငံ ချန်ပီယံပထမတန်းလက်ဝှေ့ကျော် တွေ့မရှောင် လာရောက်လက်ဝှေ့ဟန် ရေးပြပြီး ဆုရရှိသည့် ငွေကျပ်ခုနစ် သိန်းကျော်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများသို့ ကူညီ ထောက်ပံ့လှူဒါန်းနိုင်ရန် မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့ပရဟိတအဖွဲ့သို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment