Tuesday, September 29, 2015

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုသင်တန်းဖွင့်




The Mirror Daily's photo.


မိုင်းဖြတ် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင်း တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ပိုင်နိုင်စွာဖြင့် မောင်းနှင်ပြင်ဆင်နိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီ က၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင် ကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စက်မှုလယ် ယာဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ပြည်နယ်ဦးစီးမှူး ဦးကိုကိုလေးမှ သင်တန်းကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ယင်းနောက် မိုင်းဖြတ်မြို့နယ်စက်မှု လယ်ယာဦးစီးဌာနစက်မှုလယ်ယာစခန်း (ခွဲ) တာဝန်ခံ ဦးပေါလုက စက်ကိရိယာ များဖြင့် စက်မောင်းနှင်ထိန်းသိမ်းမှုလက်တွေ့သရုပ်ပြသခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းတွင် တက်ရောက်ကြမည့် ကျေးရွာငါးရွာမှ သင်တန်းသား ၃ဝ တို့ တက်ရောက်ကြသည်။သင်တန်းကာလမှာ စက်တင်ဘာ၂၆ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သန်းထွန်းအေး(Iprd))

No comments:

Post a Comment