Tuesday, September 29, 2015

တိုက်စစ်မှူး ဇက်ကို တစ်လကြာအနားယူရမည်




The Mirror Daily's photo.


အီတလီစီးရီးအေကလပ် ရိုးမားအသင်းမှ တိုက်စစ်မှူး ဇက်ကိုသည် ‘ဒူးဒဏ်ရာကြောင့် ရက်သတ္တသုံးပတ်မှ လေးပတ်အထိ အနားယူရမည်ဖြစ်ကြောင်းသိရသည်။

ဘော့စနီးယားတိုက်စစ်မှူး ဇက်ကိုသည် ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းမှ အီတလီစီးရီးအေကလပ် ရိုးမားအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရိုးမားအသင်းနှင့် ဘော့စနီးယားအသင်းတို့၏ ပွဲစဉ်များတွင် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

တိုက်စစ်မှူး ဇက်ကိုသည် ရိုးမားအသင်းယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်သည့် ဘိတ်ဘိုရီဆော့အသင်းနှင့် စီးရီးအေပွဲစဉ်ဖြစ်သည့် ပါလာမိုအသင်းတို့နှင့် ပွဲစဉ်များတွင် လွဲချော်မည်ဖြစ်သည့်အပြင် ဝေလအသင်း၊ ဆိုက်ပရပ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ယူရို ၂ဝ၁၆ ဝင်ခွင့်ပွဲစဉ်များတွင်လည်း ဘော့စနီးယားအသင်းနှင့်အတူ ပါဝင်ပွဲထွက် လာနိုင်မည်မဟုတ်ကြောင်းသိရသည်။ သို့ရာတွင် အောက်တိုဘာ ၁၇ ရက်တွင် အမ်ပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။
ငွေကြယ် ရေးသားသည်

No comments:

Post a Comment