Tuesday, September 29, 2015

မန်စီးတီးအသင်း ချန်ပီယံလိဂ်တွင် နိုင်ပွဲရရှိလိမ့်မည်ဟု ပယ်လီဂရီနီ ဆို




The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းသည် ဥရောပပြိုင်ပွဲများတွင် နိုင်ပွဲရရှိရန် အခက်အခဲများရှိခဲ့သော်လည်း ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ဒုတိယပွဲစဉ်တွင် နိုင်ပွဲရရှိလိမ့်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ထုတ်ဖော်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီနှင့် ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ အုပ်စုအဆင့်ဖြင့်ပင် ချန်ပီယံလိဂ် ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရသည့်အပြင် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ရာသီကလည်း ချန်ပီယံလိဂ်တွင် ၁၆ သင်းအဆင့်ဖြင့်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသူဖြစ်သည်။

သို့ရာတွင် ဗီလာရီးယဲလ်အသင်းအား ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ရေးစွမ်းဆောင်ပေးခဲ့သည့်အပြင် မာလာဂါအသင်းကိုလည်း ကွာတား ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ရေးစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မန်စီးတီးအသင်းကိုလည်း ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိအောင်စွမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်း၊ ဂျူဗင်တပ်အသင်းတို့နှင့်သာ ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါ အသင်းများမှာ လွန်ခဲ့သည့် ၁ဝ နှစ်တာကာလအတွင်းကတည်းက ချန်ပီယံလိဂ် တွင် အောင်မြင်မှုရရှိထားခဲ့သည့်အသင်းများဖြစ်ကြောင်းလည်း မန်စီးတီး အသင်းနည်းပြပယ်လီဂရီနီက ဆိုသည်။

သို့ရာတွင် မန်စီးတီးအသင်းသည် လွန်ခဲ့သည့်နှစ်များအတွင်းကတည်းက နှစ်တိုင်းလိုလိုပင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည့်အသင်းတစ်သင်း ဖြစ်သည်နှင့်အညီ ယခုနှစ်တွင်လည်း အုပ်စုအဆင့်ပထမပွဲစဉ်၌ ရှုံးပွဲကြုံ တွေ့ခဲ့သော်လည်း ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိမည့်အသင်းအဖြစ် ယုံကြည်ထားကြောင်း ပယ်လီဂရီနီက ပြောကြားခဲ့သည်။မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့် ပထမအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ငွေကြယ် ရေးသားသည်

No comments:

Post a Comment