Tuesday, September 1, 2015

ဒစ်စနေလန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ဘက်ခမ်းမိသားစု



The Mirror Daily's photo.

ဟောလိဝုဒ်မှာ စံပြမိသားစုတစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ ဇနီးဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းတို့မိသားစုဟာ မိသားစုဝင်စုံစုံလင်လင်နဲ့ ဒစ်စနေလန်းအပန်း ဖြေကစားကွင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒစ်စနေလန်းကို အလည်ထွက်လာတဲ့အချိန်မှာ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားအပြင် ရင်သွေးလေးများဖြစ်ကြတဲ့ အသက် (၁၆)နှစ်အရွယ် သားကြီး ဘရွတ်ကလင်န်နဲ့ (၁၂)နှစ်အရွယ် ရိုမီယို၊ (၁ဝ)နှစ်အရွယ် သားငယ် ကာ့ဇ်နဲ့ (၄)နှစ်အရွယ်သမီးလေး ဟာပါတို့ဟာ ဖက်ရှင်ကျကျ ဝတ်စား ဆင်ယင်မှုဒီဇိုင်းတွေနဲ့ လှပနေခဲ့ပါတယ်။

မိခင်ဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းဟာ ဖက်ရှင်လုပ်ငန်းမှာအောင်မြင် နေသကဲ့သို့ ဒုတိယသားဖြစ်တဲ့ ရိုမီယိုကလည်း Burberry မော်ဒယ်တစ်ဦး အဖြစ်အနုပညာလမ်းကြောင်းပေါ် တက်လှမ်းခဲ့ပြီး မီဒီယာများက သူတို့မိသားစု ကို ဟောလိဝုဒ်ရဲ့ ဖက်ရှင်မိသားစုလို့ ညွှန်းဆိုကြပါတယ်။
အေးပြည့်

No comments:

Post a Comment