Tuesday, September 29, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



ဆင်းရဲမှုလျော့ချရေးပိုမိုအလေးပေး


မြန်မာနိုင်ငံတွင် လက်ရှိအစိုးရ စတင်တာဝန်ယူစဉ် ကတည်းက အထူးအလေးထားဆောင်ရွက်နေသော လုပ်ငန်း စဉ်တစ်ရပ်မှာ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်သည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ ပြည်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေးစသော စီမံချက်များသည် ဆင်းရဲမှု လျှော့ချ ရေးကို ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။
ထို့အတူ မြို့ပြများတွင်လည်း အလုပ်အကိုင်သစ်များ ပိုမိုဖန်တီးပေးရေး၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန် ပေးခြင်း၊ ပြည်သူဗဟိုပြုလုပ်ငန်းများ အလေးထားဆောင်ရွက် ပေးခြင်းစသော ဆောင်ရွက်မှုများသည်လည်း ဆင်းရဲမှုလျှော့ချ ရေးကို ဦးတည်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရမည် ဖြစ်ပါ သည်။ သို့သော် မည်မျှပင် ရည်မှန်းချက်များချမှတ်ဆောင်ရွက် နေသည့်တိုင် အလုံးစုံပြည့်စုံသော ထိရောက်အကောင်အထည်ဖော်မှုများဖြစ်လာရန် လိုအပ်ချက်များရှိနေဆဲ ဖြစ်ပါသည်။ ဆင်းရဲမှုလျှော့ချရေးကို ယခုထက် ပိုမိုအလေးပေးဆောင်ရွက် ရတော့မည့်အနေအထားဖြစ်ပါသည်။
အကြောင်းသည်ကား မကြာသေးမီက ကုလသမဂ္ဂ၌ ရည်မှန်းချက်အသစ်တစ်ရပ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်ကို ချမှတ်လိုက်ခြင်းကြောင့်ပင်ဖြစ် ပါသည်။ ဤရည်မှန်းချက်အရ လာမည့် ၁၅ နှစ်အတွင်း ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့နေရာတိုင်း၌ ဆင်းရဲမွဲတေမှုများ နှင့် ငတ်မွတ်ခေါင်းပါးမှုများကို အဆုံးသတ်ရမည်ဟု ဆိုပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက လာမည့် ၁၅ နှစ်အတွင်း လက်ရှိဆင်းရဲ မွဲတေမှု၏ထက်ဝက်ကို လျှော့ချသွားရန် စီမံကိန်းများချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
သို့အတွက် ပြည်သူအားလုံး စားဝတ်နေရေးအဆင်ပြေ အောင် ပိုမိုတွန်းအားပေးဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါသည်။ အထူးသဖြင့် ဆင်းရဲမှုလျှော့ချရာတွင် လူတစ်ဦးချင်းဝင်ငွေ တိုးတက်ရေးနှင့် အလုပ်အကိုင်သစ်များ ဖန်တီးပေးရေးသည် ပဓာနအကျဆုံးဖြစ်ပါသည်။ လူတစ်ဦးချင်း လုပ်ခလစာများ၊ ဝင်ငွေများတိုးတက်လာရမည်ဖြစ်ပါသည်။ ဒေသတွင်းနိုင်ငံများ ဖြစ်သည့် အာဆီယံနိုင်ငံများနှင့်အပြိုင် လူတစ်ဦးချင်းဝင်ငွေများ တိုးတက်လာရမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် လာမည့်နှစ်များအတွင်း အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်မှုနှင့်အတူ အခြား သောပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာကာ အလုပ် အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်ရန်အလားအလာကောင်း များ ရရှိနေပြီဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအမံများ တိုးချဲ့ဆောင်ရွက်ပေးမှုနှင့်အတူ ပြည်သူများ၏ လူနေမှု ဘဝသည်လည်း တိုးတက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကုလသမဂ္ဂ၏ ရည်မှန်းချက်အသစ်ဖြစ်သည့်နေရာတွင် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ခြင်းဖြင့် ဆင်းရဲမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။ ။

No comments:

Post a Comment